သူ့ရဲ့ပထမဆုံးအော်စကာဆုကို ရရှိသွားခဲ့တဲ့ မင်းသားကြီးတွမ်ခရုစ်

first.jpg

ကမ္ဘာကျော်သရုပ်ဆောင်မင်းသား တွမ်ခရုစ်ဟာ သူ့ရဲ့ပထမဆုံးအော်စကာဆုရုပ်တုကို ရရှိသွားခဲ့ပါပြီ။ အသက် ၆၃ နှစ်ရှိပြီးဖြစ်တဲ့ တွမ်ခရုစ်က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၁၆ ကြိမ်မြောက် Governors Awards မှာ ဒီဂုဏ်ထူးဆောင်အော်စကာဆုကို လက်ခံရယူခဲ့တာပါ။ 

ရုပ်ရှင်ဒါရိုက်တာ Alejandro G Iñárritu က တွမ်ခရုစ်ကို ဒီဆု ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးအော်စကာဆုကို ကိုင်ဆောင်ရင်းနဲ့ သူ့ရဲ့ ၄၅ နှစ်တာ အနုပညာသက်တမ်းအတွင်း ကင်မရာရှေ့မှာရော ကင်မရာနောက်ကွယ်ကပါ သူ့နဲ့ လက်တွဲလုပ်ကိုင်ခဲ့ကြတဲ့သူတွေကို ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ သူ ငယ်ငယ်က သိခဲ့တာထက် ရုပ်ရှင်လောကကမ္ဘာကြီးက အများကြီးပိုကြီးတယ်။ ရုပ်ရှင်အပေါ် သူ့ရဲ့စိတ်အားထက်သန်မှုက လူသားမျိုးနွယ်ကို နားလည်ဖို့၊ ဇာတ်ကောင်တွေကို ဖန်တီးဖို့၊ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြဖို့၊ ကမ္ဘာကြီးကို မြင်ဖို့ လမ်းဖွင့်ပေးခဲ့တာပါ။ ကလေးဘဝတုန်းက ရုပ်ရှင်ရုံထဲဝင်ဖို့ ငွေအလုံလောက်ရဖို့ အလုပ်လုပ်ခဲ့တယ်။ အဲ့ဒီရုပ်ရှင်ရုံမှာ သူတို့ ဘယ်ကလာလာ ကိစ္စမရှိဘူး။ အတူတူ ရယ်မောကြတယ်။ အတူတူခံစားကြတယ်။ အတူတူမျှော်လင့်ခဲ့ကြတယ်။ အတူတူအိပ်မက်မက်ခဲ့ကြတယ်။ ဒါက ဒီအနုပညာပုံစံရဲ့စွမ်းအားပဲ။ ရုပ်ရှင်ရိုက်ကူးတာက သူလုပ်တဲ့အရာမဟုတ်ဘူး။သူဘယ်သူလဲဆိုတာပါပဲလို့လည်းတွမ်ခရုစ်က ပြောသွားခဲ့ပါတယ်။ 

တွမ်ခရုစ်က သူ့အနုပညာသက်တမ်းအတွင်း အော်စတာဆုအတွက်  ၄ ကြိမ် ဆန်ကာတင်စာရင်းဝင်ခဲ့ဖူးပါတယ်။ ၁၉၉၀ ခုနှစ်ရဲ့ “Born on the Fourth of July” ဇာတ်ကားနဲ့ ၁၉၉၇ ခုနှစ်ရဲ့ “Jerry Maguire” ဇာတ်ကားတွေအတွက် အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု၊ ၂၀၀၀ ခုနှစ်ရဲ့ “Magnolia,” ဇာတ်ကားအတွက် အကောင်းဆုံးဇာတ်ပို့မင်းသားဆု နဲ့ ထုတ်လုပ်သူအဖြစ် လုပ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ရဲ့  “Top Gun: Maverick.”အတွက် အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တာပါ။ 

၁၆ ကြိမ်မြောက် Governors Awards ဆုပေးပွဲက ကြယ်ပွင်များစွာပါဝင်တဲ့ပွဲတစ်ခုဖြစ်ပြီး ရုပ်ရှင်လောကရဲ့ အထင်ကရပုဂ္ဂိုလ်တချို့ကို ဂုဏ်ပြုတဲ့ပွဲလည်းဖြစ်ပါတယ်။ The Academy’s Board of Governors အဖွဲ့က ဆုတွေအတွက် ပြီးခဲ့တဲ့ ဇွန်လမှာ မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 

Ref: Tom Cruise on his first Oscar: Making films ‘is who I am’

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top