လေကြောင်းလိုင်းတစ်ခုတည်းမှာ တွဲဖက်လေယာဉ်မှူးတွေအဖြစ် အလုပ်လုပ်ခွင့်ရခဲ့တဲ့ အမြွှာညီအစ်ကို

5-8-2022-yyl29.jpg

အဲလန်နဲ့အဲလက်စ် အမြွှာညီအစ်ကိုနှစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက လေယာဉ်ပျံသန်းတာမှာ ဝါသနာထုံခဲ့ပြီး လေယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။ အသက် (၃) နှစ်အရွယ်မှာ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်ပြီးရင် သူတို့အဖေနဲ့ တွေ့ဖို့ လေယာဉ်နဲ့ သွားကြတယ်။ သူတို့ရဲ့အမေ အလုပ်ကိစ္စနဲ့ခရီးသွားရင် လိုက်ပါသွားခဲ့တယ်။ သူတို့အမြွှာညီအစ်ကိုက ခရီးထွက်ရင် လေယာဉ်စီးရတာကလွဲပြီး အရာအားလုံးကို ငြီးငွေ့လေ့ရှိတယ်။အသက် ၁၃ နှစ်မှာ ကင်ညာကနေ ကယ်လီဖိုးနားကနေ ပြောင်းရွှေ့ခဲ့တယ်။ သူတို့ရဲ့ဝါသနာက ကြီးတဲ့အထိ မပျောက်ပျက်သွားခဲ့ဘူး။

အခုဆို သူတို့အမြွှာညီအစ်ကိုနှစ်ယောက်လုံးက Alaska လေကြောင်းလိုင်းရဲ့ First Officer လေယာဉ်မှူးတွေအဖြစ် ငှားရမ်းခံခဲ့ရပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်က လေကြောင်းလိုင်းတစ်ခုတည်းမှာ အလုပ်လုပ်ခွင့်ရခဲ့တာပါ။ အဲလန်နဲ့ အဲလက်စ်တို့က လေယာဉ်တစ်ခုတည်းအတူတူပျံသန်းရမှာတော့မဟုတ်ပါဘူး။

သူတို့ရဲ့အမေကလည်း သူတို့ရဲ့လေကြောင်းဆိုင်ရာဝါသနာပါမှုအတွက် ပံ့ပိုးပေးခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်တုန်းက သူတို့ရဲ့အမေက Microsoft Flight Simulator ဗီဒီယိုဂိမ်းစီးရီး ဝယ်ပေးခဲ့တာကို အဲလန်က အမှတ်ရနေပါတယ်။ အဲလန်က သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ အရာအားလုံးလုပ်ခဲ့ပါတယ်။

အဲလန်အတွက် Alaska လေကြောင်းလိုင်းက သူ့ရဲ့ပထမဆုံးရွေးချယ်မှုပါပဲ။ လေယာဉ်လောင်စာဆီဖြည့်တဲ့သူအဖြစ် အလုပ်လုပ်ခဲ့တုန်းက Alaska လေကြောင်းလိုင်းဝန်ထမ်းတွေက သူ့ကို အမြဲတမ်းအားပေးခဲ့တဲ့ သဘောအကောင်းဆုံးလူတွေဖြစ်တယ်လို့ အဲလန်က ပြောပါတယ်။

အဲလက်စ်ကလည်း Alaska လေကြောင်းလိုင်းဝန်ထမ်းတွေနဲ့ပတ်သက်ပြီး အဲလန်ပြောတဲ့စကားကို ထောက်ခံပါတယ်။ အဲလက်စ်အတွက် Alaska က မိသားစုလိုပါပဲတဲ့။ လေယာဉ်မှူးဖြစ်မယ့် အင်တာဗျူးလုပ်ငန်းစဉ်တစ်လျှောက် သူ့ကို အားပေးခဲ့တဲ့ ကပ္ပတိန် ရစ်ချ်လို Alaska လေကြောင်းလိုင်းဝန်ထမ်းတွေကို ကျေးဇူးတင်နေတာပါ။

အဲလန်နဲ့ အဲလက်စ်တို့က လေယာဉ်ကို အတူတူမပျံသန်းခဲ့ပါဘူး။ သူတို့ရဲ့ရည်မှန်းချက်က သူတို့ထဲက တစ်ယောက်ယောက်ကို ကပ္ပတိန်အဖြစ် ရာထူးတိုးပြီး လေယာဉ်တစ်ခုတည်း အတူတူပျံသန်းနိုင်ဖို့ပါပဲ။ သူတို့ အတူတူပျံသန်းခွင့်ရတဲ့အခါ လေယာဉ်ပေါ် တင်ခွင့်သွားချင်တဲ့ လူတစ်ယောက်ရှိပါတယ်။ အဲဒီလူက သူတို့ရဲ့အမေပါပဲ။

Ref: These Black identical twins have made history becoming first officer pilots for Alaska Airlines

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top