ကြယ် ၅ပွင့်ဟိုတယ် အများဆုံးရှိရာမြို့

5.7.2024-yyl-2.jpg

ကမ္ဘာပေါ်မှာ ကြယ် ၅ ပွင့်ဟိုတယ် အများဆုံးရှိတဲ့မြို့ကတော့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ပါပဲ။ လန်ဒန်မြို့မှာ ကြယ် ၅ ပွင့်ဟိုတယ် ၇၅ လုံးကျော်ရှိပြီး အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန်ဒီစီမြို့၊ အီတလီနိုင်ငံမြို့တော် ရောမမြို့တွေထက် ၂ဆကျော် ပိုများပါတယ်။

လန်ဒန်ပြီးရင် ကြယ် ၅ ပွင့်ဟိုတယ် အများဆုံးရှိတဲ့မြို့ကတော့ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ဖြစ်ပြီး ကြယ် ၅ ပွင့်ဟိုတယ် ၆၁ လုံး၊ နယူးယော့ခ်မြို့မှာ ကြယ် ၅ ပွင့်ဟိုတယ် ၅၉ လုံး၊ ပဲရစ်မြို့မှာ ကြယ် ၅ ပွင့်ဟိုတယ် ၅၁ လုံး ရှိပါတယ်။

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့ကလည်း ကမ္ဘာ့ကြယ် ၅ ပွင့်ဟိုတယ် အများဆုံးရှိရာ မြို့ ၁၀ မြို့ စာရင်းမှာ ပါဝင်နေပြီး ကြယ် ၅ ပွင့်ဟိုတယ် ၃၃ လုံးနဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

Ref: top 10 cities in the world with the most five-star hotels
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top