နယူးယောက်မြို့သားတစ်ဦးဟာ နယူးယောက်မြို့ရဲ့ပြီးပြည့်စုံတဲ့ပုံစံငယ်တစ်ခုကို ဖန်တီးဖို့ ၂၁ နှစ်ကြာ အချိန်ယူခဲ့ရပါတယ်။ ဂျိုး မက်ကန် ဆိုသူက အနုပညာရှင်နဲ့ ထရပ်ကားမောင်းသမားဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ နယူးယောက်မြို့ပုံစံငယ်ကို စတင်ဖန်တီးခဲ့တာပါ။

ပုံစံငယ်တစ်ခုလုံးကို လက်နဲ့သာ တည်ဆောက်ခဲ့ပြီး balsa သစ်သား၊ ကတ်ထူပြားနဲ့ ကော် စတဲ့ နေ့စဉ်သုံးပစ္စည်းတွေနဲ့ ပြုလုပ်ခဲ့တာပါ။ ပုံစံငယ်က ပေ ၅၀ နဲ့ ပေ ၂၇ ရှိပါတယ်။ လက်ရှိမှာတော့ Museum of the City of New York ရှိ Dinan Miller Gallery က “He Built This City: Joe Macken’s Model”အမည်နဲ့ ပြပွဲမှာ ပြသထားပါတယ်။
ဂျိုး မက်ကန်ဟာ အစက Rockefeller Center စင်တာပုံစံငယ်ကို ဖန်တီးဖို့ စီစဉ်ခဲ့တာပါ။ နောက်တော့ မြို့တစ်ခုလုံးကို တည်ဆောက်ဖြစ်သွားခဲ့ပါတယ်။ ဒီပုံစံငယ်ကို အခြားသူတွေမြင်တွေ့စေဖို့ မတွေးထားခဲ့ပါဘူး။ အခုတော့ ပြတိုက်မှာ ပြသထားပါတယ်။ ဒီပုံစံငယ်မှာ လက်နဲ့ ထွင်းထားတဲ့ အဆောက်အအုံ ၁ သန်းနီးပါးပါဝင်ပါတယ်။ သူက ပုံစံငယ်ဖန်တီးတည်ဆောက်တာကို ရပ်တန့်ဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

“He Built This City: Joe Macken’s Model” ပြပွဲကို Museum of the City of New York မှာ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ ခင်းကျင်းထားမှာဖြစ်ပါတယ်။
Ref: Truck Driver Spent 21 Years Building Perfect Mini Replica of New York City. Now, It’s on Display in a Museum
WL (ရိုးရာလေး)

