အိန္ဒိယနိုင်ငံမှာ ဘတ်စ်ကားနဲ့ တွဲယာဉ်တိုက်မိပြီး ရေတွင်းထဲပြုတ်ကျလို့ လူ ၂၇ ယောက် သေဆုံး

india001.jpg

အိန္ဒိယနိုင်ငံအနောက်ပိုင်းမှာ အရှိန်လွန်မောင်းနှင်လာတဲ့ ဘတ်စ်ကားနဲ့ တွဲယာဉ်(ဆိုင်ကယ်ကို နောက်တွဲတပ်ဆင်ထားတဲ့ယာဉ်)တစ်စီး တိုက်မိခဲ့ပြီး ရေတွင်းထဲ ပြုတ်ကျခဲ့လို့ အနည်းဆုံး လူ ၂၇ ယောက် သေဆုံးခဲ့ပြီး လူဒါဇင်ချီ ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့ နှောင်းပိုင်းက မဟာရက်ရှ်ထရာ ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုမှာ ဘတ်စ်ကားရော၊ တွဲယာဉ်ပါ လမ်းဘေး ရေတွင်းထဲ ထိုးကျသွားခဲ့တာပါ။

ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကြားထဲကနေ ဒဏ်ရာရသူ ၃၃ ယောက်ကို ဆွဲတင်ပြီး ဆေးရုံပို့ခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အသက်(၇) နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက သေဆုံးသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ခံစားရပြီး ဒဏ်ရာရသူတွေလည်း အမြန်ဆုံး ပြန်သက်သာလာစေဖို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့လမ်းတွေပေါ်မှာ လူသေဆုံးစေတဲ့ ယာဉ်တိုက်မှုတွေ ဖြစ်ပွားလေ့ရှိပြီး နှစ်စဉ်နှစ်တိုင်း လမ်းမတော်တဆမှုကြောင့် လူ ၁၅၀၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top