OPPO AI LinkBoost ကြောင့် သင့်ရဲ့ ဖုန်းခေါ်ဆိုမှု နှောင့်နှေးမှာ စိတ်ပူစရာမလိုတော့ပါဘူး

7.10.2024-yyl-၉.jpg

စမတ်ဖုန်းတွေက သုံးစွဲသူတွေကို အဆက်အသွယ်မပြတ် ချိတ်ဆက်နေဖို့၊ လုပ်ငန်းဆောင်တာတွေကို ပိုပြီး အဆင်ပြေချောမွေ့စေနိုင်ဖို့နဲ့ ဒီ့ထက်ပိုတဲ့အရာတွေကို ထောက်ပံ့ကူညီပေးနိုင်ပါတယ်။ သို့သော် စမတ်ဖုန်းတွေကို ပိုပြီးအားကိုးလေလေ၊ ပိုပြီးယုံကြည်စိတ်ချရတဲ့၊ ပိုပြီး ခိုင်မာတဲ့ စမတ်ဖုန်းဆက်သွယ်မှုကလဲ ပိုအရေးကြီးလေပဲဖြစ်ပါတယ်။ ဒါကြောင့် OPPO က ဒီဈေးနှုန်းဝန်းကျင်ထဲမှာ အကောင်းဆုံးချိတ်ဆက် ဆက်သွယ်မှုတွေကို ပေးစွမ်းနိုင်ဖို့အတွက် Reno12 Series မှာ AI LinkBoost ရဲ့ နောက်မျိုးဆက်အသစ်ကို စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ကမ္ဘာအနှံ့အပြား နဲ့ သက်ဆိုင်ရာ နိုင်ငံများအသီးသီးမှာ လုပ်ဆောင်နေနိုင်တဲ့ AI LinkBoost ဟာ တတ်နိုင်သမျှ အတည်ငြိမ်ဆုံး နဲ့ မလစ်လပ်သွားမဲ့ ဆက်သွယ်ချိတ်ဆက်မှုကို ဆောင်ရွက်ပေးနိုင်ဖို့လဲ ချိန်ညှိထားပြီးဖြစ်ပါတယ်။

အဆက်မပြတ်နဲ့ တည်ငြိမ်တဲ့ ဆက်သွယ်မှုဆိုတာ Video call ခေါ်ဆိုတဲ့အချိန် ဓာတ်လှေကားတွေနဲ့ မြေအောက်နေရာတွေကို ဝင်ထွက်မိတဲ့အခါ ပိုမိုအားကောင်းတဲ့ Signal နှင့် ပိုမိုမြန်ဆန်စွာ ပြန်လည်ချိတ်ဆက်ခြင်းဖြင့် WiFi နဲ့ မိုဘိုင်းကွန်ရက်တွေအကြား ချောမွေ့စွာ ပြောင်းလဲပေးနိုင်ခြင်း၊ လူစည်ကားတဲ့ အားကစားကွင်းများ သို့မဟုတ် ပွဲလမ်းသဘင်များမှာ ပိုမိုယုံကြည်စိတ်ချရစေနိုင်တဲ့ စာတိုပေးပို့ခြင်း အစရှိတာတွေပဲဖြစ်ပါတယ်။ Reno12 Series အတွက် AI LinkBoost က ဒီလိုအကျိုးကျေးဇူးတွေနဲ့ ဒီထက်ပိုတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။

Reno12 Series ရဲ့ AI LinkBoost ဆိုတာ ဘာလဲ

Reno12 Series ရဲ့ AI LinkBoost ဆိုတာ OPPO က ဦးဆုံးဆောင်ရွက်ခဲ့တဲ့ အကောင်းမွန်ဆုံး ပေါင်းစပ်မှုတစ်ခုဖြစ်ပြီး တကယ်ကို စိန်ခေါ်နိုင်ဖွယ်ဖြစ်စေတဲ့ အခြေအနေများမှာတောင် ထိပ်တန်းအဆင့်ရှိ ကွန်ရက်စွမ်းဆောင်မှုကို ပေးဆောင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ အဓိက တိုးတက်မှုတွေထဲမှာဆိုရင် ၃၆၀ ဒီဂရီ ပတ်ပတ်လည် Antenna၊ Antenna ရဲ့ စွမ်းအင် မြှင့်တင်မှုနှင့် အကောင်းဆုံးသော ကွန်ရက်ရွေးချယ်မှုတို့ ပါဝင်လာပါတယ်။ OPPO က ဒေသအသီးသီးအလိုက် Signal တွေကို အကောင်းဆုံးချိတ်ဆက်ပေးနိုင်ပြီး ဆက်သွယ်ချိတ်ဆက်မှုကိုလဲ အချိန်ကြာကြာရှိစေနိုင်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ လူထူထပ်တဲ့ ဖျော်ဖြေပွဲများနှင့် ဂီတပွဲတော်များ၊ ဥပမာအားဖြင့် ရှုပ်ထွေးတဲ့ မြို့ပြပတ်ဝန်းကျင်တွေက ပုံမှန်စမတ်ဖုန်းတစ်လုံးအတွက် ကွန်ရက်တွေနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် ခက်ခဲစေတတ်ပါတယ်။ ဒေသဆိုင်ရာအဖွဲ့များကလဲ ဒေသအလိုက် ကြုံတွေ့ရတဲ့ ရှုပ်ထွေးလှတဲ့ ကွန်ရက်စိန်ခေါ်မှုများစွာကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ အကောင်းဆုံးစွမ်းဆောင်ရည် ရရှိစေနိုင်မဲ့ ကြိမ်နှုန်းလှိုင်းများနှင့် သီးခြားဒေသခံကွန်ရက်ဖြန့်ကျက်နိုင်စွမ်းကို ဖြည့်ဆည်းပေးနိုင်မဲ့ Software ကို အကောင်းဆုံး ကြိုးပမ်းလုပ်ဆောင်ပေးကြတာ ဖြစ်ပါတယ်။

360º Surround Antenna

OPPO ရဲ့ ၃၆၀ ဒီဂရီ ပတ်ပတ်လည် Antenna က စိန်ခေါ်နိုင်ဖွယ်ရာ ကွန်ရက်ရှိတဲ့ ပတ်ဝန်းကျင်တွေမှာ ချိတ်ဆက်နိုင်စွမ်းကို ပိုပြီးတိုးမြှင့်ပေးနိုင်တဲ့ တကယ်ကို အားကောင်းတဲ့ Hardware ဖြစ်ပြီး Software တွေအတွက်လဲ ဖြေရှင်းချက်တစ်ခုအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။ AI LinkBoost ဟာ Reno12 Series ရဲ့ လုပ်ဆောင်ချက် တစ်ခုအဖြစ် တုံ့ပြန်မှုရှိတဲ့ AI နဲ့အတူ လိုက်လျောညီထွေမှု ရှိတဲ့ Antenna များ ပြောင်းရွှေ့ခြင်း ၊ ဂိမ်းမုဒ် နဲ့ ဆက်သွယ်ရေးမြှင့်တင်မှု နည်းပညာများဖြင့် ဖွဲ့စည်းထားတဲ့ Antenna ၉ ခုပါ ဒီဇိုင်းကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

ဖုန်းရဲ့ တစ်ဝိုက်မှာရှိတဲ့ Frequency Band ကို ဖြန့်ဝေခြင်းဖြင့် Reno12 Series ဟာ မြင်ကွင်းအပြည့်လွှမ်းခြုံမှုအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ သင်သည် မြေအောက်ရထား၊ ဓာတ်လှေကား သို့မဟုတ် ကားဂိုဒေါင်မှ ထွက်ခွာတဲ့ အချိန်မျိုးတွေမှာ AI LinkBoost က ရွေးချယ်နိုင်တဲ့ Antenna အဖွဲ့တွေထဲကမှ အကောင်းဆုံးသော Antenna ကို ရွေးချယ်ပေးတဲ့ အဆင့်မြင့် AI algorithm ကို အသုံးပြုပြီး ထက်မြက်လျင်မြန်စွာ ကွန်ရက်တွေကို ပြောင်းရွှေ့ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီ ၃၆၀ ဒီဂရီ ပတ်ပတ်လည် Antenna က မိုဘိုင်းဂိမ်းကစားသူတွေကိုလဲ စိတ်ချစေမှာဖြစ်ပါတယ်။ ပုံမှန်ထက် ပိုပြီး ဒေတာချိတ်ဆက်မှု လိုအပ်တဲ့ ဂိမ်းများအတွက်ဆိုရင် လက်နှစ်ဖက်စလုံးနဲ့ ဂိမ်းကစားနိုင်ဖို့အတွက် ပြီးပြည့်စုံစွာ တည်ရှိနေတဲ့ Reno12 Series ရဲ့ တတိယမြောက် Gaming Antenna က အလယ်အလတ်နဲ့ မြင့်မားတဲ့ ကြိမ်နှုန်းတွေအတွက် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားပြီး Uplink စွမ်းဆောင်ရည်ကိုလဲ ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ Reno12 မတိုင်ခင် ထွက်ရှိထားတဲ့ နောက်ဆုံးမျိုးဆက် Reno11 နဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ Reno12 က Game Latency (ကြာချိန်)ကို ၄၃ ရာခိုင်နှုန်းအထိ လျော့ချပေးပြီး LinkBoost နည်းပညာတွေက ဘယ်လောက်အထိ ကောင်းမွန်စွာ လုပ်ဆောင်နိုင်လဲဆိုတာကိုပါ ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။

AI LinkBoost ဖြင့် ချောမွေ့တဲ့ ကွန်ရက်များကို ပြောင်းရွှေ့ခြင်း

သုံးစွဲသူတွေတိုင်းက WiFi ကွန်ရက်မှ Cellular သို့ပြောင်းခြင်း၊ ဆင်းမ်ကတ်တစ်ခုမှ အခြားကွန်ရက်တစ်ခုသို့ ပြောင်းခြင်း ဒီလိုမျိုးကွန်ရက်တွေကို အချိန်တိုင်း ပြောင်းလေ့ရှိပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ လူကြီးမင်းတို့ လက်ရှိလုပ်နေတာတွေကို နှောင့်ယှက်နိုင်ဖို့၊ ခေါ်ဆိုမှုတစ်ခု ပြတ်တောက်သွားနိုင်ဖို့၊ ဒါမှမဟုတ် ဗီဒီယို သို့မဟုတ် အသံလွှင့်ခြင်းတွေကို ရပ်တန့်လိုက်နိုင်ဖို့ စက္ကန့်အနည်းငယ်နဲ့တင် လုံလောက်ပါတယ်။

AI LinkBoost ဟာ Reno12 Series ရဲ့ Signal ဖြန့်ကျက်နိုင်စွမ်းနဲ့ လက်ခံနိုင်စွမ်းတွေကို မြှင့်တင်ဖို့အတွက် အဓိကကျတဲ့ Frequency Band အများစုကို အလေးပေး ရွေးချယ် ပစ်မှတ်ထားပြီး ကောင်းမွန်တဲ့ ကွန်ရက်ရွေးချယ်မှုနည်းပညာကို အသုံးပြုရင်း ကွန်ရက်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်မှုကို ရရှိစေအောင် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့်ပဲ ဖုန်းခေါ်ဆိုမှုတွေ သို့မဟုတ် လူကြီးမင်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုတဲ့အခါ ကွန်ရက် ပတ်ဝန်းကျင်အမျိုးမျိုးမှာ ပိုပြီး တည်ငြိမ်တဲ့ ဆက်သွယ်မှုကို လူကြီးမင်းတို့အနေနဲ့ ခံစားနိုင်မှာဖြစ်ပါတယ်။

Super WiFi 2.0 ပါဝင်တဲ့ Reno12 Series ဟာ WiFi နှင့် Bluetooth ပြတ်တောက်မှုကိုလဲ လျှော့ချပေးနိုင်ပြီး WiFi နှင့် Bluetooth နှစ်ခုလုံးကို ချိတ်ဆက်ထားတဲ့အခါ ပြိုင်ဘက်ဖုန်းတွေနဲ့ နှိုင်းယှဉ်ပါက WiFi အမြန်နှုန်းကို နှစ်ဆတိုးစေနိုင်တဲ့ လုပ်ဆောင်ချက် ရှိပါတယ်။ ဥပမာအနေနဲ့ Bluetooth ချိတ်ဆက်ထားတဲ့ နားကြပ်တွေကို ၀တ်ဆင်ထားချိန်တစ်ပြိုင်နက် WiFi နဲ့ TikTok ကို အသုံးပြုနေတဲ့အခါ ဗီဒီယိုထစ်ခြင်းကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းခေါ်ဆိုမှုများ၊ စာတိုများနှင့် ဒေတာများကို ကောင်းမွန်စေနိုင်မဲ့ AI LinkBoost

Cellular တွေရဲ့ ချိတ်ဆက်မှုဆိုတာက ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့ခြင်းနဲ့ မိုဘိုင်းဒေတာ ဝင်ရောက်ခြင်းအတွက်သာ မဟုတ်ပါဘူး။ လူကြီးမင်းတို့ရဲ့ ကွန်ရက်က လူကြီးမင်းတို့ လက်ရှိ ရှိနေတဲ့ တည်နေရာကို ညွှန်ပြရာမှာ ထိရောက်တဲ့ နည်းလမ်းအဖြစ်လဲ အသုံးပြုနိုင်ပါတယ်။ Ride-hailing နဲ့ Google Maps ကဲ့သို့သော ဝန်ဆောင်မှုတွေက လူကြီးမင်းတို့ရဲ့ တည်နေရာကို သတ်မှတ်ဖို့အတွက် မိုဘိုင်းကွန်ရက် Triangulation ကို မကြာခဏ အသုံးပြုကြပြီး AI LinkBoost က ဒီလုပ်ငန်းစဉ်တစ်ခုလုံးကို ပိုကောင်းအောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

AI LinkBoost က BeaconLink ဖြင့် ရှည်လျားတဲ့ အကွာအဝေးတွေအတွက် Bluetooth ထုတ်လွှင့်မှုကိုလဲ ကူညီပံ့ပိုးပေးပါတယ်။ BeaconLink ဆိုတာ Bluetooth Uplink စွမ်းရည်နဲ့အတူ မီတာ ၂၀၀ အတွင်း တခြားသော ဘာဆက်သွယ်ရေးကွန်ရက်မှ မလိုဘဲ ဆက်သွယ်ချိတ်ဆက်နိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ဆက်သွယ်ရေး ကွန်ယက်တွေကို အမှီအခိုကင်းစွာ တီထွင်ထားတဲ့ ဒီနည်းပညာက ဆက်သွယ်ရေးကွန်ယက်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သမားရိုးကျ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်တာကြောင့် သုံးစွဲသူတွေအတွက် အဆင်ပြေစေနိုင်မဲ့ လုပ်ဆောင်ချက်တစ်ခုလဲဖြစ်ပါတယ်။

သဟဇာတကျကျ အလုပ်လုပ်ဆောင်နိုင်တဲ့ စုံလင်သော လုပ်ဆောင်ချက်

Reno12 Series ဟာ AI LinkBoost နဲ့အတူ OPPO ရဲ့ ဆန်းသစ်တီထွင်တဲ့ ကမ္ဘာအနှံ့အဝန်း၊ ဒေသန္တရဆိုင်ရာ ကွန်ရက်လုပ်ဆောင်နိုင်စွမ်းတွေရဲ့ အကျိုးကျေးဇူးတွေကြောင့် အနည်းဆုံး စက်ရပ်ချိန်၊ ယုံကြည်စိတ်အချရဆုံးနှင့် သီးသန့်အကျိုးခံစားခွင့်များအားလုံး ချိတ်ဆက် ဆက်သွယ်နေဖို့ လိုအပ်တဲ့ ကိရိယာများကို ပေါင်းစပ်နိုင်တာဖြစ်ပါတယ်။ Reno12 Series ဟာ မြင့်မားလှသော ကွန်ရက်စွမ်းဆောင်ရည်အသိအမှတ်ပြုလက်မှတ် ကမ္ဘာ့ပထမဆုံး TÜV Rheinland နဲ့အတူ၊ သူ့ရဲ့ အဝန်းအဝိုင်းထဲမှာဆိုရင် ထိပ်တန်းဆက်သွယ်ချိတ်ဆက်နိုင်တဲ့ စွမ်းဆောင်ရည်ကို ယုံကြည်မှုရှိစွာနဲ့ပဲ အခြေအနေအရပ်ရပ်အားလုံးမှာ ချောမွေ့တဲ့ ကွန်ရက်အတွေ့အကြုံကို ပေးအပ်နိုင်စေဖို့ အတည်ပြုထားပါသေးတယ်။ ဒါကြောင့် လူကြီးမင်းက မြန်နှုန်းမြင့်ရထားပေါ်မှာ ရောက်နေသည်ဖြစ်စေ၊ Signal မရှိတဲ့ မြေအောက်နေရာမှ ထွက်ခွာလာသည်ဖြစ်စေ သို့မဟုတ် လူစည်ကားတဲ့ အားကစားပွဲ ဒါမှမဟုတ် ဖျော်ဖြေပွဲများတွင်ဖြစ်စေ ဆိုးရွားတဲ့ Signal တွေကြောင့် လူကြီးမင်းတို့ရဲ့ စာတိုပေးပို့ခြင်း၊ တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ မျှဝေခြင်းနှင့် ချိတ်ဆက်နေခြင်းတို့ကို မနှောင့်နှေးမိပါစေနဲ့။

သာမန်ထက် လိုင်းဆွဲအားပိုမိုကောင်းမွန်ပြီး ချိတ်ဆက်မရတော့တဲ့ နေရာမှာတောင် အဆက်အသွယ်လုံးဝမပြတ်စေမဲ့ OPPO Reno12 Series နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက OPPO Myanmar Official Facebook Page – https://bit.ly/3XVzoFb ၊ Website – https://bit.ly/4dx4nfA ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

OPPOReno12Series5G #YourFirstAIPhone #AILinkBoostandBeaconLink

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top