မြန်မာနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံအဆင့်စက်ရုပ်ပြိုင်ပွဲကြီးကို သိမ်ဖြူအားကစားကွင်း၌ ကျင်းပသွားမည်

Event-Post@2x.png

မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံအဆင့်စက်ရုပ်ပြိုင်ပွဲဖြစ်သော Myanmar RoboLeague ကို ဇွန်လ (၁) ရက်နေ့ ၂၀၁၉ တွင် ရန်ကုန်မြို့၊ သိမ်ဖြူမိုးလုံလေလုံကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပွဲကို USAID မှ အဓိကပံ့ပိုးပြီး ဖန်တီးရာမှဦးစီးကာ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပါမောက္ခအသင်းတို့နှင့်အတူ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူများအကြား စက်ရုပ်တည်ဆောက်ခြင်းနှင့် STEM ပညာရပ် ( Science – သိပ္ပံပညာ, Technology – နည်းပညာ, Engineering – အင်ဂျင်နီယာပညာရပ် and Mathematics – သင်္ချာပညာရပ်) တိုးတက်ပြန့်ပွားရန် ရည်ရွယ်ခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအားရွေးချယ်ရာတွင် Math နှင့် Logic၊ Physics နှင့် Mechanics၊ Electronics၊ Programing၊ IQ Test နှင့် Situational Test အစရှိသည့် ဘာသာရပ် (၅) ခုပါဝင်သော (၉၀) မိနစ်စာ အွန်လိုင်းမေးခွန်းများမှတစ်ဆင့် စိစစ်ရွေးချယ်ခဲ့သည်။ ပြည်နယ်နှင့်တိုင်းတစ်ခုစီအတွက် ကိုယ်စားပြုတက္ကသိုလ်တစ်ခုစီ၊ စုစုပေါင်း တက္ကသိုလ် (၁၃) ခုရွေးချယ်ခဲ့ပြီး ချင်းပြည်နယ်ကိုယ်စားပြုအသင်းအတွက် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ တက္ကသိုလ်များတွင်တက်ရောက်နေသော ချင်းတိုင်းရင်းသားများပါဝင်သည့်အသင်းက ကိုယ်စားပြုပါဝင်သွားမည်ဖြစ်သည်။

Myanmar RoboLeague တွင် ပါဝင်ယှဉ်ပြိုင်မည့် တိုင်း/ပြည်နယ်ကိုယ်စားပြု တက္ကသိုလ်များစာရင်းမှာ ဧရာဝတီ – ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၊ ပဲခူး – ပြည်နည်းပညာတက္ကသိုလ်၊ ချင်း – နည်းပညာတက္ကသိုလ် (သန်လျင်)၊ နည်းပညာတက္ကသိုလ် (တောင်ကြီး)၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ ကချင် – ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)၊ ကယား – ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)၊ ကရင် – ကွန်ပျူတာတက္ကသိုလ် (ဘားအံ)၊ မကွေး – နည်းပညာတက္ကသိုလ် (ပခုက္ကူ)၊ မန္တလေး – မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မွန် – ကွန်ပျူတာတက္ကသိုလ် (သထုံ)၊ ရခိုင် – ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)၊ စစ်ကိုင်း – နည်းပညာတက္ကသိုလ် (မုံရွာ)၊ ရှမ်း – ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)၊ တနင်္သာရီ – နည်းပညာတက္ကသိုလ်(မြိတ်)၊ ရန်ကုန် – ရန်ကုန်နည်းပညာတက္ကသိုလ် တို့ဖြစ်ပါသည်။

အဆိုပါပြိုင်ပွဲအား မနက် (၁၀) နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး၊ အသင်း (၁၄) သင်း မှ ပွဲစဉ် (၇) ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိသောအသင်းများမှ ပွဲစဉ် (၄) ခုထပ်မံယှဉ်ပြိုင်ရမည်ဖြစ်၍ စုစုပေါင်း (၅) နာရီခန့် ကြာမြင့်မည်ဖြစ်သည်။ ပြိုင်ပွဲအား မည်သူမဆိုစာရင်းပေးကာ လာရောက်ကြည့်ရှုနိုင်ပြီး အွန်လိုင်းလက်မှတ်များကို Myanmar RoboLeague နှင့် ဖန်တီးရာ Facebook Page တွင် သွားရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top