နောက်ဆုံးပေါ် တမူထူးခြားသော အသုံးပြုမှုအတွေ့အကြုံများအား ယူဆောင်လာပေးမည့် Samsung Galaxy A54 5G နှင့် Galaxy A34 5G စမတ်ဖုန်းများအား မြန်မာနိုင်ငံတွင် ယနေ့စတင်မိတ်ဆက်ခဲ့သည်။
အဆိုပါ Galaxy A Series စမတ်ဖုန်းများတွင် ပါဝင်လာသည့် အဆင့်မြှင့်တင် ထားသော နောက်ဆုံးပေါ် လုပ်ဆောင်ချက်များကြောင့် သုံးစွဲသူများအနေဖြင့် မည်သို့သော အလင်းရောင် ရရှိမှု အခြေအနေမျိုးတွင်မဆို ကြည်လင်ပြတ်သားမှု အပြည့်ရှိသော ဓာတ်ပုံနှင့် ဗီဒီယိုများအား ရိုက်ကူးသိမ်းဆည်းသွားနိုင်ရန်၊ ရေစို အကြမ်းခံနိုင်ရည်ရှိစေရန်၊ ၂ ရက်တာ ကြာရှည်ခံသည့် ဘက်ထရီပမာဏကြောင့် ပိုမိုအဆင်ပြေစွာဖြင့် အပူအပင်မရှိ အသုံးပြုနိုင်ရန် ပြီးပြည့်စုံမှု အရှိဆုံး ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။
![](https://yoyarlay.com/wp-content/uploads/2023/03/17.3.2023-yyl-iamge-2.jpg)
နောက်ဆုံးပေါ် Galaxy A54 5G နှင့် Galaxy A34 5G စမတ်ဖုန်းများအား မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ကြိုတင်မှာယူသွားနိုင်မည် ဖြစ်ပြီး ကြိုတင်မှာယူသူများအနေနှင့်
- Galaxy A34 5G စမတ်ဖုန်းအတွက် Original Card Slot Cover နှင့် Travel Adapter
- Galaxy A54 5G စမတ်ဖုန်းအတွက် Original Silicone Grip Cover နှင့် Travel Adapter
များအား Pre-Order လက်ဆောင်များအဖြစ် ရရှိသွားနိုင်မည့်အပြင် အထူးအကျိုးခံစားခွင့် အဖြစ် ၂၀၂၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဘန်ကောက်၌ ကျင်းပမည့် ၆ သိန်းတန် Blackpink World Tour (Born Pink) လက်မှတ်အစောင် ၂၀ ကိုလည်း ကံစမ်းခွင့် ရရှိသွားမည် ဖြစ်သည်။
Galaxy A54 5G မှာ 8GB / 256GB ဖြစ်ပြီး Awesome Lime, Awesome Graphite, Awesome Violet အရောင် ၃ ရောင် ရွေးချယ်နိုင်မည်ဖြစ်ကာ ၁၄ သိန်း၊ ၉ ထောင်ကျပ်၊Galaxy A34 5G မှာ 8GB / 128GB ဖြစ်ပြီး ၁၀ သိန်း ၉သောင်းခွဲကျပ် ကျသင့်မည်ဖြစ်သည်။
![](https://yoyarlay.com/wp-content/uploads/2023/03/17.3.2023-yyl-iamge-3.jpg)
နောက်ဆုံးပေါ် Galaxy A54 5G နှင့် Galaxy A34 5G စမတ်ဖုန်းများအား ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၅၀,၀၀၀ ပေးသွင်း၍ ဤလင့်ခ် တွင် ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှစတင်၍ ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများတွင် လက်ကျန်ငွေတန်ဖိုး အပြည့်အဝပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်မည် ဖြစ်သည်။
Pre-Order အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံ သိရှိလိုပါက Samsung Contact Center – 01 2399888 သို့ ဖြစ်စေ Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာ တွင် ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းသွားနိုင်မည် ဖြစ်သည်။
Team (ရိုးရာလေး)