Huawei ချစ်သူများအတွက် နှစ်သစ်မှာ ဖုန်းသစ်ဝယ်ရင်းကံစမ်းနိုင်မည့် အစီအစဉ်

2-1-2023-yyl-22.jpg

Huawei Consumer Business Group (BG) (မြန်မာ)မှ Huawei ချစ်သူများအတွက် Perfect Moment Together 2023 အစီအစဉ်အား ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ အစီအစဉ်တွင် HUAWEI nova 9/10 series၊ P50 series နှင့် Mate 50 series ၀ယ်ယူသူတိုင်းအတွက် Lucky Draw coupon ၂ စောင်၊ အခြား HUAWEI Product များကို ၀ယ်ယူသူတိုင်းအတွက် Lucky Draw coupon ၁ စောင်စီ အသီးသီးပေးအပ်သွားမှာဖြစ်ပြီး ဝယ်ယူအားပေးသူများအနေဖြင့် Huawei အရောင်းဝန်ထမ်းရှိသည့် ဆိုင်များတွင် ဝယ်ယူမှသာ ဤအစီအစဉ်တွင်အကျုံးဝင်မည်ဖြစ်သည်။

ဆုများမှာ Mega Prize အနေဖြင့် HUAWEI Mate 50 Pro တစ်လုံး၊ 1st Prize အနေဖြင့် HUAWEI nova 10 SE တစ်လုံး၊ 2nd Prize အနေဖြင့် HUAWEI Band 7 (၅) လုံး၊ 3rd Prize အနေဖြင့် HUAWEI Band 4 (၁၀) လုံးအား ပေးအပ်သွားမည်ဖြစ်ပြီး Lucky Draw ကံထူးသူများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်၀ါရီလဒုတိယအပတ်တွင် မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်သည်။

ကံစမ်းမဲဖွင့်ပွဲအစီအစဥ်နှင့် အသေးစိတ်အချက်အလက်များကို HUAWEI Mobile (MM) Facebook Page တွင် ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ကံထူးရှင်များအား HUAWEI Mobile (MM) မှ ဖုန်းဆက်အကြောင်းကြားပေးသွားမည် ဖြစ်သည်။ ကံစမ်းမဲပေါက်သည့် HUAWEI Product ၀ယ်ယူသူများအနေဖြင့် မဲပေါက်သည့် Lucky Draw coupon နှင့် နိုင်ငံသားမှတ်ပုံတင်တို့ကိုပြသကာ ဆုလက်ဆောင်များကို လာရောက်ထုတ်ယူနိုင်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top