စက်တင်ဘာလ ၂၅ ရက်နေ့တွင် မိတ်ဆက်ခဲ့သည့် Vivo V7+ သည် စမတ်ဖုန်းသုံးစွဲသူများ အကြား ရေပန်းစားနေပြီး ကြိုတင်မှာယူမှုမှာလည်း များပြားနေကြောင်း သိရသည်။Vivo ကုမ္ပဏီသည် V7+ အတွက် Pre-Order ပြုလုပ်ရန်ရက်ကို စက်တင်ဘာလ ၃၀ ရက်နေ့အထိသာ သတ်မှတ်ထားခြင်းဖြစ်သည်။ ယခုအချိန်အထိ အကြိုမှာယူမှုမှာ ကုမ္ပဏီက မျှော်မှန်းထားသော ပမာဏထက် များပြားနေကြောင်း အရောင်းဆိုင်များမှ တစ်ဆင့်သိရသည်။
“V7+ ကို လူတွေတော်တော် စိတ်ဝင်စားကြတယ်။ အခုဆို Pre-Order တင်တဲ့နှုန်းက သိသိသာသာကို များနေပါတယ်။ ဒါက ကျွန်တော်တို့ တစ်ဆိုင်တည်းကို ပြောတာနော်။ ကျန်တဲ့ဆိုင်တွေမှာလည်း Pre-Order တင်တဲ့သူတွေ များမယ်လို့ ထင်ပါတယ်” ဟု စမတ်ဖုန်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောပါသည်။
“V7+ အကြောင်းကို အင်တာနက်ပေါ်မှာ ဖတ်ရကတည်းက စိတ်ဝင်စားနေတာပါ။ ပြီးခဲ့တဲ့ ရက်က Launching Event မှာ ဈေးနှုန်းကို ကြေညာသွားတော့ ပိုပြီးဝယ်ချင်သွားတယ်။ ကိုယ်ကလည်း ဖုန်းအသစ်ဝယ်ဖို့ စိတ်ကူးနေချိန်၊ အခုလို ကိုယ်စိတ်ဝင်စားတဲ့ဖုန်းကလည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းမယ်ဆိုတော့ Pre-Order တင်ဖြစ်သွားတာပါ” ဟု အကြိုမှာယူမှု ပြုလုပ်သူတစ်ကလည်း ပြောပါသည်။
V7+ သည် 5.99 လက်မ ကျယ်ဝန်းသည့် မျက်နှာပြင်၊ ကျဉ်းမြောင်းသည့် ဘေးဘောင်များကြောင့် အမြင်အာရုံကို ပိုမိုဖမ်းစားနိုင်သည့် ပုံစံလည်း ဖြစ်သည်။ ထို့အပြင် အရှေ့ကင်မရာမှာ 24MP ဖြစ်သည့်အတွက်လည်း Selfie ကြိုက်သူ လူငယ်များအကြား စိတ်ဝင်စားမှုများပြားလျက်ရှိခြင်းဖြစ်ကြောင်း ဈေးကွက်တွင်းမှ ထွက်ပေါ်လာသော သတင်းစကားများအရ သိရသည်။