လူမျိုးတုံးသတ်ဖြတ်မှု မတွေ့ရဟု လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြ

yyl-008-11.jpg

ရခိုင်ပြည်နယ်မြောက်ပိုင်းကဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးနေတဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)ဟာ ၁၅ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုအပြီး ဇန်နဝါရီလ ၂၀ ရက်မှာ သမ္မတဦးဝင်းမြင့်ထံ အစီရင်ခံစာပေးအပ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်ကနေ စက်တင်ဘာလ ၅ ရက်ကြားကာလအတွင်း ARSA ရဲ့တိုက်ခိုက်မှု၊ တပ်မတော်ရဲ့တန်ပြန်နှိမ်နင်းမှုတွေကို အသေးစိတ်လေ့လာခဲ့ကြောင်း၊ အဆိုပါဖြစ်ရပ်မှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသာဖြစ်ကြောင်း၊ ICOE ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရခိုင်၊ မြို၊ ဒိုင်းနက် အစရှိတဲ့ မျိုးနွယ်တွေ၊ မွတ်စလင်တွေ၊ စစ်တပ်အရာရှိတွေ၊ ရဲအရာရှိတွေအပါအဝင် သက်ဆိုင်ရာ နယ်ပယ်တွေမှာရှိတဲ့ သက်သေ ၁၅၀၀ နဲ့ တွေ့ဆုံမေးမြန်းမှုလုပ်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ တခြားနေရာတွေကနေ ရရှိခဲ့တဲ့ အချက်အလက်တွေအရ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ ပြည်တွင်းဥပဒေချိုးဖောက်မှုတွေရှိခဲ့ကြောင်း၊ သို့သော် ARSA ရဲ့တိုက်ခိုက်မှုကို တုံ့ပြန်နှိမ်နင်းရာမှာ အရပ်သားတွေ အသတ်ခံရမှု၊ နယ်ရပ်စွန့်ခွာရမှုတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မွတ်စလင် ဒါမှမဟုတ် တခြားမျိုးနွယ်တစ်ခုခုကို ဖျက်ဆီးချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာမဟုတ်ကြောင်း စာမျက်နှာ ၄၆၁ မျက်နှာပါဝင်တဲ့ ICOE ရဲ့ အစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။

ICOE မှာ ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်နာလိုက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဂျပန်သံအမတ်ကြီးဟောင်း အိုရှီးမားနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ဒေါက်တာ အောင်ထွန်းသက်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။

Photo Credit- Myanmar President Office, Myanmar State Counsellor Office

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top