peace-4-gp.jpg

ငြိမ်းချမ်းရေးအထိမ်းအမှတ် ဘာသာပေါင်းစုံစတုဒီသာအလှူနဲ့ စုပေါင်းဝါဖြေပွဲ

ငြိမ်းချမ်းရေးအထိမ်းအမှတ် ဘာသာပေါင်းစုံစတုဒီသာအလှူနဲ့ စုပေါင်းဝါဖြေပွဲကို မတ်လ (၂၇) ရက်နေ့က မဟာဗန္ဓုလပန်းခြံအရှေ့ဘက် (ကားပါကင်ဧရိယာ) မှာကျင်းပခဲ့ပါတယ်။ ဘာသာရေး၊ လူမျိုးရေးအမုန်းတရားတွေပေါ်ပေါက်အောင် သွေးထိုးမှုတွေကို ချေဖျက်ဖို့ ကြိုးစားတဲ့အနေနဲ့ ပွဲတက်ရောက်သူတွေကို အဖြူရောင်နှင်းဆီးပန်းတွေလည်း ဝေငှပေးခဲ့ပါတယ်။ Camera&Edit- Cherry

dog.jpg

ဂီလာန ဒုက္ခိတ ခွေးတွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ Better Life Dog Shelter

ဒီတစ်ပတ်တော့ ဂီလာနဒုတိက္ခတခွေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ Better Life Dog Shelter အကြောင်း ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Camera & Edit – Cherry

war.jpg

တိုက်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံက လူဦးရေ (၆) သိန်းကျော် အိုးအိမ်စွန့်ခွာနေထိုင်နေရ

အချိန်ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်ပွဲတွေကြောင့် ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသက ဒုက္ခသည်စခန်းတွေမှာ နေရပ်မပြန်နိုင်ကြသေးတဲ့ ရာချီတဲ့မိသားစုဝင်တွေအနေနဲ့ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ထံကသိရပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချူပ် (NCA) လက်မှတ်ရေးထိုးထားပေမဲ့လည်း မြန်မာပြည်အရှေ့တောင်ပိုင်းက တိုင်းရင်းသားဒေသခံတွေကတော့ အကြမ်းဖက်ပဋိပက္ခတွေ၊ ပြင်းထန်တဲ့စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုတွေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေကို မကြာခဏဆိုသလိုကြုံတွေ့နေကြရပါတယ်။ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ခြင်းကို…

gone-kyaw-bridge.jpg

အဆင်မပြေမှုနဲ့ လိုအပ်ချက်တွေရှိနေသေးတဲ့ ရန်ကုန်မြို့ရဲ့ခုံးကျော်တံတားများ

ရန်ကုန်မြို့ရဲ့ ခုံးကျော်တံတားအများစုက အဆင်မပြေမှုနဲ့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ လမ်းအသုံးပြုသူတွေက ပြောပါတယ်။ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေ အသုံးပြုနိုင်ဖို့အတွက် ခုံးကျော်တံတားတွေမှာ ဓာတ်လှေကားနဲ့ စက်လှေကားတွေ ထပ်မံတပ်ဆင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ Camera&Edit- Cherry

Gender-equality-2.jpg

အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေရှိနေသေးတဲ့အပေါ် အမျိုးသားတချို့ရဲ့အမြင်နဲ့သဘောထားများ

လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းမှာ ကျား၊ မ အခြေပြုမှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ ခွဲခြားဆက်ဆံမှုတွေ၊ မိန်းကလေးဆို တစ်ဆင့်နှိမ့်ဆက်ဆံတာမျိုးတွေက ဒီနေ့အချိန်ထိရှိနေပါသေးတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အမျိုးသားတချို့ရဲ့ အမြင်နဲ့သဘောထားတွေကို ရိုးရာလေးက မေးမြန်းပြီး တင်ဆက်လိုက်ပါတယ်။ Camera & Edit – Cherry

letwie.jpg

အမှတ်ပေးစနစ်နဲ့ မရင်းနှီးသေးတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ချစ်သူမြိုင်ပန်းခြံမှာ မေလ (၅) ရက်နေ့ကကျင်းပခဲ့တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ WLC-8 ရဲ့ခေါင်ပွဲမှာ မိုက်ရိုင်း (မြန်မာ) က မွန်းဆာမက် (ကမ္ဘောဒီးယား) ကို အမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယခေါင်ပွဲမှာ ဘရုလစ်ခ် (ဂျာမနီ) က…

housing.jpg

လူထုအဖွဲ့အစည်းအခြေပြုအိမ်ရာစီမံကိန်းကို (၆)လအတွင်း ဆောင်ရွက်မယ်

ရန်ကုန်မြို့မှာနေထိုင်တဲ့ အဆင်းရဲဆုံးနဲ့ ဝင်ငွေအနည်းဆုံးပြည်သူတွေ အိုးအိမ်ပိုင်ဆိုင်နိုင်ရေးအတွက် လူထုအဖွဲ့အစည်းအခြေပြုအိမ်ရာစီမံကိန်းကို လာမယ့် (၆) လအတွင်း မြေပြင်ပါ်အရောက် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကတစ်ဆင့်သိရပါတယ်။ မြို့ပြနေအိမ်ထောင်စုတွေမှာ မိသားစု (၁၅) ရာခိုင်နှုန်းသာ ကိုယ်ပိုင်အိမ်ရှိပြီး (၃၀) ရာခိုင်နှုန်းက အိမ်ဌားနေထိုင်ကြသူတွေနဲ့…

dog-1.jpg

၂၀၁၈ ခုနှစ်မှာ လူဦးရေ (၁၉၀,၀၀၀) ကျော် ခွေးကိုက်ခံရ

မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရသူအရေအတွက် တစ်စထက်တစ်စ များပြားလာပြီး ၂၀၁၇ ခုနှစ်မှာ လူဦးရေ (၁၈၀,၀၀၀) ကျော် ခွေးကိုက်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ်မှာ လူဦးရေ (၁၉၀,၀၀၀) ကျော် ခွေးကိုက်ခံခဲ့ရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ၂၀၁၈…

hotel.jpg

၂၀၁၇-၂၀၁၈ က ဟိုတယ်လုပ်ငန်းတွေရဲ့ အဆိုးဆုံးအချိန်ကာလပါ

“၂၀၁၇-၂၀၁၈ က ဟိုတယ်လုပ်ငန်းတွေရဲ့ အဆိုးဆုံးအချိန်ကာလပါ” ဟုဆိုသူ HOUSE OF ORCHID ဥက္ကဋ္ဌ ဦးဌေးအောင်ကို အင်တာဗျူးမေးမြန်းထားတာဖြစ်ပါတယ်။ သူက NLD အစိုးရကို ဟိုတယ်တချို့ပြန်လည်အပ်နှံခဲ့သူတစ်ဦးဖြစ်ပါတယ်။ Cherry (ရိုးရာလေး)

ပြည်တွင်းစားသုံးသူတွေအနေနဲ့ မြန်မာ့ဆန်စပါးအပေါ် စိုးရိမ်စရာမလို

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက အာဖရိကနိုင်ငံတစ်ခုမှာ မြန်မာနိုင်ငံကတင်ပို့တဲ့ ဆန်တွေဖျက်ဆီးခံခဲ့ရတာနဲ့ပတ်သက်ပြီး” ပြည်တွင်းစားသုံးသူများအနေနဲ့ စိုးရိမ်စရာမလိုကြောင်း” ဟု မြန်မာဆန်စပါးအသင်းချူပ်တာဝန်ရှိသူတွေက ဧပြီ (၂၂) ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ Photos Credit- Internet Cherry (ရိုးရာလေး)