အမှတ်ပေးစနစ်နဲ့ မရင်းနှီးသေးတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ချစ်သူမြိုင်ပန်းခြံမှာ မေလ (၅) ရက်နေ့ကကျင်းပခဲ့တဲ့
မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ WLC-8 ရဲ့ခေါင်ပွဲမှာ မိုက်ရိုင်း (မြန်မာ) က မွန်းဆာမက် (ကမ္ဘောဒီးယား) ကို အမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

ဒုတိယခေါင်ပွဲမှာ ဘရုလစ်ခ် (ဂျာမနီ) က ကျော်ဇင်လတ် (မြန်မာ) ကို ပထမအချီမှာပဲ အလဲထိုးနိုင်ခဲ့ပြီး သွေးသစ်အောင် (မြန်မာ) နဲ့ ဒေးဗစ်မက္ကာသီ (အိုင်ယာလန်) တို့ရဲ့ပွဲစဉ်မှာတော့ သွေးသစ်အောင်က အနိုင်ရရှိသွားခဲ့ပါတယ်။

အမျိုးသမီးပွဲစဉ်ဖြစ်တဲ့ အဲအဲ (မြန်မာ) နဲ့ ဟွိုင်းဟာဟူးဟျူး (ဗီယက်နမ်) တို့ရဲ့တွဲဆိုင်းမှာတော့ (၃) ချီယှဉ်ပြိုင်ခဲ့ရာမှာ ဟျူးက အမှတ်နဲ့အနိုင်ရရှိခဲ့ပြီး
အခြားပွဲစဉ် (၄) ခုမှာ စောမင်းမင်း၊ သွေးသစ်မောင်၊ ဟိန်းထွန်းအောင်၊ ဘဟိန်းတို့က အသီးသီးအနိုင်ရရှိခဲ့ပါတယ်။

ခေါင်ပွဲမှာ အမှတ်နဲ့အနိုင်ရရှိခဲ့တဲ့ လက်ဝှေ့ကျော် မိုက်ရိုင်း (မြန်မာ) က မြန်မာလက်ဝှေ့ကစားသမားများအနေနဲ့ လက်ရှိအချိန်မှာ အမှတ်ပေးစနစ်ကို မရင်းနှီးသေးဘဲ အလဲထိုးစနစ်ကိုပဲ အဓိကအားသန်နေကြတယ်လို့ ပြောခဲ့ပါတယ်။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top