SEA Games မှာ ရွှေတံဆိပ်ရလို့ တက္ကသိုလ်ကနေ စင်ကာပူဒေါ်လာ 4981 နဲ့ iPhone 17 Pro Max ရခဲ့တဲ့ ဗီယက်နမ်ကျောင်းသူ

seagame.jpg

Ho Chi Minh University of Banking တက္ကသိုလ်က ငုယင်သန်ဒူယန် ဆိုတဲ့ ဒုတိယနှစ်စီးပွားရေးဥပဒေကျောင်းသူလေးဟာ ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ 2025 SEA Games ပြိုင်ပွဲမှာ Esports နဲ့ ရွှေတံဆိပ်ရရှိခဲ့ပြီးတဲ့နောက်မှာ စင်ကာပူဒေါ်လာ 4981 နဲ့ iPhone 17 Pro Max နဲ့ ဆုချီးမြှင့်ခံခဲ့ရပါတယ်။ 

ဒူယန်က ခြောက်တန်းကျောင်းသူဘဝမှာ  Esports ကို စိတ်ဝင်စားခဲ့ပေမဲ့ သူ့မိဘတွေက  သူ့ရဲ့ပညာရေးထိခိုက်မှာဆိုးလို့ အစပိုင်းမှာ အားပေးထောက်ပံ့မပေးခဲ့ပါဘူး။ ဒါပေမဲ့ သူ့ပညာရေးနဲ့ ပြိုင်ပွဲတွေကို ဟန်ချက်ညီအောင်လုပ်နိုင်တဲ့အတွက် သူ့မိဘတွေက တဖြည်းဖြည်းနဲ့ နားလည်လက်ခံပေးခဲ့ပါတယ်။ ဇွန်လကမှ သူဟာ SEA Games ပြိုင်ပွဲအတွက် ပြင်ဆင်ဖို့အတွက် အမျိုးသားအသင်းထဲ တရားဝင်ဝင်ရောက်ခဲ့ပါတယ်။ 

တက္ကသိုလ်က ဆုချီးမြှင့်တဲ့အခမ်းအနားကို ဒူယန်ရဲ့အဖေက တက်ရောက်ဖို့အတွက် ၄၀ ကီလိုမီတာ ခရီးနှင်လာခဲ့ရပါတယ်။ သူ့သမီးနဲ့ သမီးရဲ့အသင်းသားတွေ ရွှေတံဆိပ်ဆုရတဲ့အခိုက်အတန့်က သူ့အတွက် အရမ်းစိတ်လှုပ်ရှားရတယ်လို့ ဖြေကြားထားပါတယ်။ 

ဒူယန်က ဂိမ်းဆော့ချိန်ကို တစ်နေ့ကို ၃ နာရီလောက်ပဲ အချိန်ကန့်သတ်ထားပြီး စာမေးပွဲကာလဆိုရင်တော့ လုံးဝမကစားပါဘူး။ “Esports က ကျွန်မရဲ့ဝါသနာဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့ အပန်းဖြေမှုလိုပါပဲ။ ကျွန်မရဲ့ဦးစားပေးက ဘွဲ့ရဖို့နဲ့ ဥပဒေ (ဒါမှမဟုတ်) စီးပွားရေးနယ်ပယ်မှာ အလုပ်လုပ်ဖို့ပါပဲ”လို့ သူက ပြောထားပါတယ်။ 

Ref: Vietnam student awarded S$4,981 & iPhone 17 Pro Max by university for SEA Games gold

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top