ပြင်သစ် ရေကူးသမား ပစိဖိတ်သမုဒ္ဒရာကို ပထမဆုံး ဖြတ်သန်း ကူးခတ်မယ်

d030adb7e2f2b5993f6d9b8e95102ba2.jpg

ပြင်သစ်နိုင်ငံက ရေးကူးသမားတစ်ဦးဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်း ရေကူးနိုင်တဲ့ ပထမဆုံး လူသားဖြစ်လာဖို့ ရည်ရွယ်ထားကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဆိုပါ အသက် ၅၁ နှစ်အရွယ် ပြင်သစ်နိုင်ငံသား ဘန်လီကွန်တီဟာ ဂျပန်နိုင်ငံကနေ အမေရိကန် အနောက်ဘက် ကမ်းရိုးတန်းဆီကို ဖြတ်သန်း ကူးခတ်သွားမှာ ဖြစ်ပြီး တစ်ရက်ကို ၈ နာရီကျော်ကြာကူးခတ်ပြီး ၆ လကျော်ကြာ ကူးခတ်ရမှာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်အဖွဲတစ်ဖွဲ့က သူ ကူးခတ်ရမယ့် လမ်းကြောင်းကို သုတေသန ပြုလုပ်သွားမှာဖြစ်ပြီး အဆိုပါ သိပ္ပံပညာရှင်အဖွဲ့ဟာ ဖူကူရှီးမား နျူကလီးယား ဘေးအန္တရယ်ကြောင့် ပစိဖိတ်သမုဒ္ဒရာကို သက်ရောက်မှုနဲ့ သမုဒ္ဒရာအတွင်းရှိ ပလက်စတစ် အပိုင်းအစတွေကို လေ့လာကြဖွယ် ရှိနေပါတယ်။ ပြင်သစ်နိုင်ငံသား ရေကူးသမားအနေနဲ့ မိုင်ပေါင်း ၅၅၀၀ ကျော်ကို ကူးခတ်မှာဖြစ်ပြီး ရာသီဥတု အပြောင်းလဲနဲ့ ပတ်သက်လို့ သတိထားရမှာလည်း ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံသား ရေကူးသမားဟာ နေ့တိုင်းရေကူးသူဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ကြံခိုင်မှုအရ အဆင့်သင့်ရှိနေပြီလို့ သိရပါတယ်။ ၎င်းက ကိုယ်ကာယ ကြံခိုင်မှုပိုင်းထက် စိတ်ပိုင်း ဆိုင်ရာကြံခိုင်မှုပိုင်း ပိုမို အရေးကြီးကြောင်း ပြောဆိုခဲ့ပါတယ်။ သမုဒ္ဒရာကို ဖြတ်သန်းကူးခတ်ချိန်မှာ အပေါင်းလက္ခဏာဆောင်တဲ့ အတွေးမျိုးရှိ ရမှာဖြစ်ကြောင်း ပြင်သစ်နိုင်ငံသား ရေကူးသမားက ပြောခဲ့ပါတယ်။

ပြင်သစ်နိုင်ငံသား ရေကူးသမားဟာ ၁၉၉၈ ခုနှစ်တုန်းက အတ္တလန္တာတစ်သမုဒ္ဒရာကို ဖြတ်သန်းကူးခတ်ခဲ့ဖူးသေးပြီ အဲဒီအချိန်က မိုင်ပေါင်း ၄၀၀၀ ကျော်ကို ၇၃ ရက်ကြာ ကူးခဲ့ရတယ်လို့ သိရပါတယ်။ စိန်ခေါ်မှုကို သဘောကျတာကြောင့် အခုလိုမျိုး ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်းကူးဖြတ်ဖို့ ထပ်မံစီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref: BBC “Swimmer Ben Lecomte begins record Pacific crossing attempt”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top