ကမ္ဘာတစ်ဝှမ်းနာမည်ကြီးနေတဲ့ မျောက်လေးပန်ချီရဲ့ ၁၉ ဒေါ်လာတန်အရုပ်လေးက ဈေးကွက်မှာ ဈေးနှုန်း စင်ကာပူဒေါ်လာ ၄၄၂ ဖြစ်နေ

doll.jpg

ဂျပန်နိုင်ငံက Ichikawa City Zoo မှာ နေထိုင်နေတဲ့ ၇ လသားအရွယ် ပန်ချီကွန်းဆိုတဲ့ မျောက်လေးဟာ မကြာသေးခင်ကမှ ကမ္ဘာတစ်ဝှမ်းရဲ့လူမှုကွန်ယက်အသုံးပြုသူတွေကို ကရုဏာသက်စေခဲ့ပါတယ်။ မွေးဖွားပြီးမကြာခင် မိခင်ရဲ့စွန့်ပစ်မှုကို ခံခဲ့ရတဲ့ ပန်ချီကို တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းတွေက ဂရုစိုက်ပြုစုခဲ့ပြီး အထီးမကျန်နေစေဖို့ သူ့ကို အမွေးပွမျောက်ရုပ်လေးပေးခဲ့ပါတယ်။

ပန်ချီက အဲ့ဒီအရုပ်လေးကို သွားလေရာခေါ်သွားလေ့ရှိပြီး အမြဲ ဖက်တွယ်ထားတာပါ။ အခုဆို ပန်ချီရဲ့အရုပ်လေးက ဈေးကွက်မှာ အတော်လေးရောင်းချနေရပါပြီ။ အဲ့ဒီအရုပ်လေးက DJUNGELSKOG တံဆိပ်ဖြစ်ပြီး ဆွီဒင်လက်ကားရောင်းချသူတွေက မူရင်းဈေးစင်ကာပူဒေါ်လာ ၁၉.၉၀ နဲ့ ရောင်းချတဲ့ အရုပ်လေးပါ။

အရုပ်လေးနဲ့ ပန်ချီရဲ့ဗီဒီယိုတွေပျံ့နှံ့သွားပြီးတဲ့နောက်မှာ အဲ့ဒီအရုပ်ရဲ့ဈေးနှုန်းက မြှင့်တက်သွားခဲ့ပြီး ဂျပန်၊ အမေရိကန်၊ ကိုရီးယားနဲ့ စင်ကာပူနိုင်ငံတွေလို နေရာတွေမှာ ရောင်းကုန်လို့နေပါတယ်။ လက်ကားယူပြီး ပြန်ရောင်းချတဲ့ဈေးနှုန်းကလည်း ကြီးနေပြီး eBay ဈေးဝယ်ဝက်ဆိုဒ်မှာ ကန်ဒေါ်လာ ၃၅၀ (စင်ကာပူဒေါ်လာ ၄၄၂) နဲ့ ရောင်းချနေပါတယ်။

Ref: Viral Monkey Punch’s S$19.90 Ikea Plush Toy Now Worth S$442 On Ebay; Sold Out In S’pore Too

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top