အခကြေးငွေမယူဘဲ ကမ္ဘာလှည့်ကုသပေးနေတဲ့ သွားဆရာဝန်ကြောင့် ဆင်းရဲနွမ်းပါးသူတွေ ပြောင်းလဲသွားပုံများ

25-10-2021yyl10-1.jpg

တချို့လူတွေကတော့ ကောင်းမှုကုသိုလ်လုပ်တာ ရပ်တန့်ခြင်းမရှိဘဲ တစ်နည်းနည်းနဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေအပေါ် ကူညီနေကြပါတယ်။ အဲဒီလူတွေထဲမှာ Por1sorriso ဆိုတဲ့ NGO အဖွဲ့အစည်းကို တည်ထောင်တဲ့သူ ဖီလစ်ပီ ရို့ဆီ (Felipe Rossi) ဆိုသူလည်း ပါဝင်ပါတယ်။ ဖီလစ်ပီက ပိုက်ဆံမတက်နိုင်တဲ့ လူတွေကို ပိုက်ဆံမယူဘဲ အရေးကြီးတဲ့သွားဘက်ဆိုင်ရာစောင့်ရှောက်မှုတွေ ထောက်ပံ့ပေးဖို့အတွက် စေတနာ့ဝန်ထမ်းတွေနဲ့အတူ ကမ္ဘာလှည့်ကုသပေးနေတဲ့ ဘရာဇီးလူမျိုးသွားဆရာဝန်တစ်ယောက်ပါ။

ဖီလစ်ပီက Por1sorriso ကို ၂၀၁၆ခုနှစ်က တည်ထောင်ခဲ့တာပါ။ စေတနာ့ဝန်ထမ်းတွေနဲ့ ရန်ပုံငွေအပြင် ငွေကြေးထောက်ပံ့ပေးတဲ့သူတွေကြောင့် (၁၈) ဉီးပါဝင်တဲ့ ဖီလစ်ပီတို့အဖွဲ့က လူတွေရဲ့ဘဝတွေကို ပြောင်းလဲပေးနိုင်မယ့် အခွင့်အရေးရခဲ့တာပါ။ ဖီလစ်ပီရဲ့ Por1sorriso အဖွဲ့အစည်းက ဝင်ငွေနည်းပါးတဲ့သူတွေ၊ ဆင်းရဲနွမ်းပါးတဲ့ဒေသမှာ နေထိုင်သူတွေ (အများစုကတော့ အရှေ့အာဖရိကနဲ့ ဘရားဇီးနိုင်ငံက လူတွေ)အတွက် ရည်ရွယ်ပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဖီလစ်ပီက သူတတ်မြောက်ထားတဲ့ပညာနဲ့ ဆင်းရဲနွမ်းပါးတဲ့လူတွေရဲ့ဘဝကို ပြောင်းလဲပေးချင်ခဲ့တာပါ။ ဆင်းရဲနွမ်းပါးတဲ့လူတွေက သူတို့ရဲ့ခံတွင်းကျန်းမာရေးအတွက် ငွေကြေးချို့တဲ့တဲ့အပြင် ဂရုစိုက်ဖို့တောင် အချိန်မပေးနိုင်ကြပါဘူး။ အဲဒီလူတွေအတွက် ဖီလစ်ပီရဲ့အခကြေးငွေမယူတဲ့ ကမ္ဘာ့လှည့်ကုသပေးမှုက တော်တော်လေးအကူအညီဖြစ်စေခဲ့ပါတယ်။

ဖီလစ်ပီရဲ့ကျေးဇူးကြောင့် ဆင်းရဲနွမ်းပါးသူတွေဟာ ကျန်းမာပြီး လှပတဲ့သွားတွေ ပိုင်ဆိုင်ခဲ့ရပါတယ်။ ကျန်းမာပြီး လှပတဲ့သွားတွေက လူတွေကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန်သွားစေပါတယ်။ သူတို့တွေဟာ ယုံကြည်ချက်ပိုရှိလာပြီး နောက်တစ်ဖန် လှပစွာပြုံးနိုင်မယ့် အခွင့်အရေးရလာပါတယ်။ ဖီလစ်ပီနဲ့ သူ့ရဲ့အဖွဲ့အစည်းကြောင့် ဆင်းရဲချို့တဲ့တဲ့သူတွေ ဘယ်လောက်တောင် ပြောင်းလဲသွားလဲဆိုတာ ပုံတွေမှာ မြင်တွေ့ရမှာပါ။ သူတို့ရဲ့ပျော်ရွှင်နေတဲ့၊ တောက်ပနေတဲ့ မျက်နှာတွေကို ကြည့်လိုက်ပါ။ ဘယ်လောက်တောင် လှပလိုက်တဲ့အပြုံးတွေလဲ။

Ref: Boredpanda “Brazilian Dentist Travels To Treat The Teeth Of Poor People For Free And Here Are 30 Transformations”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top