ရှာဖွေတွေ့ရှိထားတဲ့ ကမ္ဘ့ာတတိယအကြီးဆုံးစိန်တုံး

17-6-2021-yyl-13-1.jpg

ဘော့ဆွာနာ (Botswana) နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံးစိန်တွေထဲက တစ်လုံးကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း နိုင်ငံအစိုးရက ကြေညာခဲ့ပါတယ်။ တတိယအကြီးဆုံးကျောက်မျက်ရတနာစိန်လို့ ယုံကြည်ထားတဲ့ ၁၀၉၈ကာရက်ရှိတဲ့ အဲဒီကျောက်တုံးကို သမ္မတ မွတ်ဂဝီဆီ မာစီစီ (Mokgweetsi Masisi) ဆီ ပြသထားတယ်လို့ သိရပါတယ်။

အခုလအစောပိုင်းက ဘော့ဆွာနာနိုင်ငံရဲ့ မြို့တော်ဂါဘရွန်နေ (Gaborone) နဲ့ ၇၅ မိုင်အကွာရှိ Jwaneng သတ္တုတွင်းမှာ ဒီစိန်ကို ရှာဖွေတွေ့ရှိခဲ့တာပါ။အဲဒီသတ္တုတွင်းကို ၎င်းသတ္တုတွင်းကို ဘော့ဆွာနာအစိုးရနှင့် De Beers အုပ်စုတို့ပူးတွဲပိုင်ဆိုင်ထားတဲ့ စိန်ကုမ္ပဏီ Debswana က လည်ပတ်ထားကြောင်း အဲဒါရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ တရားဝင်အစိုးရရဲံ့ Twitter အကောင့်တစ်ခုမှာ ရေးသားထားတာကတော့ “စိန်ကရရှိတဲ့အကျိုးအမြတ်တွေကို တိုင်းပြည်ရဲ့အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ဖို့အတွက် အသုံးပြုသွားမှာဖြစ်တယ်”ဆိုတာပါပဲ။

“Debswana က သတ္တုတွင်းအတွက် ကြီးမားတဲ့ရှာဖွေတွေ့ရှိမှုကို ပိုမိုနားလည်ဖို့ ဒီစိန်ရဲ့နည်းပညာကို အသုံးပြုနိုင်ဖို့အတွက် အခုနောက်ဆုံးရှာဖွေတွေ့ရှိတာကို အလှည့်အပြောင်းတစ်ခုအနေနဲ့ အသုံးပြုသင့်တယ်”လို့လည်း ဆိုထားပါတယ်။ သမ္မတမာစီစီရဲ့ရုံးခန်းကလည်း သမ္မတနဲ့ သူ့ရဲ့အစိုးရအဖွဲ့ကို ကိုယ်စားပြုနေတဲ့ စိန်ကို ပြသဖို့အတွက် ဓာတ်ပုံများစွာ တင်ပေးခဲ့ပါတယ်။

၁၉၈၂ ခုနှစ်မှာ တရားဝင်ဖွင့်လှစ်ခဲ့တဲ့ Jwaneng သတ္တုတွင်းက တစ်နှစ်ကို ကာရက် ၁၂.၅ သန်းနဲ့ ၁၅ သန်းကြားရှိတဲ့ စိန်တုံးတွေ ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုလတွေ့ရှိမှုဟာ ၁၉၆၇ ခုနှစ်က ဘော့ဆွာနာမှာ ပထမဆုံးအကြိမ် စိန်တွေကို ရှာဖွေတွေ့ရှိပြီးကတည်းက ကုမ္ပဏီရှာဖွေတွေ့ရှိခဲ့တဲ့ အကြီးဆုံးကျောက်မျက်ရတနာဖြစ်တယ်လို့ အစိုးရက ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်ထိ မှတ်တမ်းတင်ထားတဲ့ အကြီးဆုံးစိန်ကတော့ ၁၉၀၅ ခုနှစ်က တောင်အာဖရိကမှာ တွေ့ရှိခဲ့တဲ့ ၃၁၀၆ ကာရက်ရှိတဲ့ Cullinan Diamond ဖြစ်ပါတယ်။ Cullinan Diamond ကို ကျောက်တုံးငယ်တွေအဖြစ် ခွဲထုတ်ခဲ့ပြီး အချို့ကို ဗြိတိသျှတော်ဝင်မိသားစုရဲ့သရဖူမှာ ကျောက်မျက်ရတနာအဖြစ် ပုံဖော်ဖန်တီးခဲ့ပါတယ်။

ဒုတိယအကြီးမားဆုံးစိန်ကတော့ ၂၀၁၅ ခုနှစ်က ဘော့ဆွာနာနိုင်ငံမှာပဲ Karowe သတ္တုတွင်းမှာ ကနေဒါကုမ္ပဏီ Lucara Diamond က ရှိဖွေတွေ့ရှိခဲ့တဲ့ ၁,၁၀၉ ကာရက်ကျောက် Lesedi La Rona ဖြစ်ပါတယ်။ (၂) နှစ်အကြာမှာ ဒီစိန်ကို ဒေါ်လာ ၅၃ သန်းနဲ့ ကျောက်မျက်ရတနာဆိုင်ပိုင်ရှင် ဂရာ့ဖ် (Graff) ဆီ ရောင်းချခဲ့တာပါ။

စိန်ရိုင်းတွေကို များသောအားဖြင့် သူတို့ရဲ့အရောင်၊ ရှင်းလင်းပြတ်သားမှု၊ အရွယ်အစားနှင့်ပုံဏ္ဍာန်ပေါ်မူတည်ပြီး ကျောက်မျက်ရတနာအရည်သွေးကို ခွဲခြားသတ်မှတ်ပါတယ်။‌ နောက်ထပ်ပိုကြီးတဲ့ စိန်တုံးကို ၂၀၁၉ခုနှစ်က ဘော့ဆွာနာမှာပဲတွေ့ရှိခဲ့ပြီး ၁၇၅၈ ကာရက်ရှိတဲ့ Sewelo ကျောက်အဖြစ် အမည်တပ်ခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေက အဲဒီကျောက်ကို ကျောက်မျက်ရတနာအရည်အသွေးအနေနဲ့ လုံးဝသတ်မှတ်လို့မရနိုင်ခဲ့ပါဘူး။ နာမည်ကြီးပြင်သစ်အမှတ်တံဆိပ် Louis Vuitton က ၂၀၂၀ခုနှစ်မှာ အဲဒီကျောက်ကို ဝယ်ယူခဲ့ပြီး ဘယ်လောက်ငွေပမာဏနဲ့ ဝယ်ယူခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

Ref: CNN “One of the world’s largest diamonds has been unearthed in Botswana”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top