ဟိန်းထွန်းအောင်(မြန်မာ)- အမ်ဆိုသီ(ကမ္ဘောဒီးယား)
ခွန်ခမာဖိုက်တာ အမ်ဆိုသီရဲ့ ညာခြေကန်၊ ဘယ်ထောက်၊ တံတောင်ရိုက် တွဲလုံးကြားမှာ ဟိန်းထွန်းအောင် တော်တော်ရုန်းကန်ခဲ့ရပါတယ်။ ဟိန်းထွန်းအောင်ရဲ့လက်သီးတွဲလုံးတွေကလည်း အမ်ဆိုသီကို တန့်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ အမ်ဆိုသီရဲ့ ခြေကန်ချက်တွေ၊ တံတောင်ရိုက်ချက်တွေကောင်းလို့ ဟိန်းထွန်းအောင်ရဲ့ လက်သီးချက်တွေက အရင်လောက် မထိရောက်သလို ဖြစ်ခဲ့ပါတယ်။ စတုတ္ထအချီမှာ ဟိန်းထွန်းအောင်ရဲ့လက်သီးချက်တွေ ထိချက်မှန်ခဲ့သလို ပဥ္စမအချီမှာလည်း ဟိန်းထွန်းအောင်က တိုက်စစ်ဖွင့်ထိုးသတ်ခဲ့ပါတယ်။
၅ ချီပြီးတဲ့အထိ ပွဲမပြတ်လို့ အမှတ်နဲ့ ဆုံးဖြတ်ရာမှာတော့ ဟိန်းထွန်းအောင်က (၃-၀)နဲ့ အနိုင်ရခဲ့ပါတယ်။
Team(ရိုးရာလေး)