WLC – 11: Battlebones ပြိုင်ပွဲအတွက် တွဲဆိုင်းများ ထုတ်ပြန်ကြေညာ

Y1-1.jpg

ဇန်နဝါရီ ၃၁ ရက်(သောကြာနေ့)ကျရင် ရန်ကုန်မြို့၊ သိမ်ဖြူအားကစားခန်းမမှာ ကျင်းပမယ့် WLC – 11 : Battlebones လက်ဝှေ့ပြိုင်ပွဲအတွက် တွဲဆိုင်းတွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ WLC – 11 : Battlebones လက်ဝှေ့ပြိုင်ပွဲကို မူလက တောင်ငူမှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ အစီအစဉ် အပြောင်းအလဲဖြစ်ခဲ့ပြီး ပြိုင်ပွဲကျင်းပမယ့်နေရာနဲ့ ရက်ကို ပြောင်းလဲခဲ့ပါတယ်။

ဒါပေမဲ့ ခေါင်ပွဲကတော့ မူလကြေညာထားတဲ့အတိုင်း မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲ(၅ ချီပွဲ)အဖြစ် တူးတူး(မြန်မာ)နဲ့ တူတာဗို့(ဥဇဘက်ကစ္စတန်)တို့ ထိုးသတ်မှာပါ။ ဒုတိယခေါင်ပွဲကတော့ ဘင်တန်ဝိတ်ပွဲစဉ်(၅၁-၅၄ ကီလို)(၅ ချီ) ဖြစ်ပြီး ကမ္ဘောဒီးယားလက်ဝှေ့သမား ဆော့ရစ်သ်နဲ့ ထိုးသတ်မယ့်သူကတော့ မြန်မာပရိသတ်တွေ စိတ်ဝင်စားကြတဲ့ လက်ဝှေ့သမားပါ။ (ဘယ်သူဖြစ်မလဲဆိုတာတော့ ပွဲရက်နီးမှ ကြေညာဖို့ ရှိပါတယ်) ရုံဝင်လက်မှတ်ဈေးနှုန်းတွေကတော့ ၁ သောင်းခွဲ၊ ၃ သောင်းဖြစ်ပါတယ်။ ဖုန်းနံပါတ် – 09 775 100 100 ကို ရုံးချိန်အတွင်းဆက်သွယ်၍ ကြိုတင်မှာယူနိုင်ပြီး ဇန်နဝါရီ ၁၃ ရက်နေ့ကနေ စတင်ရောင်းချပေးသွားမှာပါ။

အခြားတွဲဆိုင်းများ

ဘင်တန်ဝိတ် (၅၁ – ၅၄ ကီလို) အမျိုးသမီး ၃ ချီ
ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်) Vs ထရန်သီလျူအာ (ဗီယက်နမ်)

ဝယ်လ်တာဝိတ် (၆၃.၅ – ၆၇ ကီလို) ၅ ချီ
စောကောင်းထက် (မြန်မာ) Vs ဆင်မြူရယ်တော့စ်ကာနို (အီတလီ)

လိုက်ဝိတ် (၅၇ – ၆၀ ကီလို) ၅ ချီ
ဟိန်းထွန်းအောင် (မြန်မာ) Vs အမ်ဆိုသီ (ကမ္ဘောဒီးယား)

ဝယ်လ်တာဝိတ် (၆၃.၅ – ၆၇ ကီလို) ၅ ချီ
စောလှမင်း (မြိုင်ကလေးဘိလပ်မြေစက်ရုံ) Vs ထွန်းလင်းအောင် (ဒို့ရိုးရာ)

လိုက်ဝယ်လ်တာဝိတ် (၆၀ – ၆၃.၅ ကီလို) ၅ ချီ
သားဝင်းထွန်း (ခြင်္သေ့မင်း) Vs အဲမွီ (နဂါးမင်း)

လိုက်ဝိတ် (၅၇ – ၆၀ ကီလို) ရှေ့ထွက်ပွဲ ၄ ချီ
လင်းထက်နိုင် (သုဝဏ္ဏဘူမိ) Vs ဇင်ဘို (Yangon Fight Club)

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top