ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ လျှပ်စစ်သန့်ရှင်းရေးကား

8.4.24-yyl-6.jpg

တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ လျှပ်စစ်သန့်ရှင်းရေးကားကို တီထွင်ထုတ်လုပ်လိုက်ပါပြီ။ WeRide ကုမ္ပဏီက ထုတ်လုပ်တဲ့ ဒီကားကို Robosweeper S1လို့ အမည်ပေးထားပြီး Air ၊ Pro ၊ Max ဆိုတဲ့ ဗားရှင်း ၃ မျိုး ဝယ်ယူရရှိနိုင်မှာပါ။

အဲဒီကားမှာ လီတာ ၄၀၀ ဆံ့ ရေကန်နဲ့ လီတာ ၂၄၀ ဆံ့ အမှိုက်ကန် ပါရှိမှာဖြစ်ပြီး တစ်ကြိမ် အားသွင်းရုံနဲ့ စတုရန်းမီတာ ၁၂၀၀၀၀ အကျယ်အဝန်းရှိတဲ့နေရာကို သန့်ရှင်းရေးလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပန်းခြံတွေ၊ စင်္ကြံလမ်းတွေ၊ စက်ဘီးလမ်းတွေ၊ ယာဉ်မဝင်ရ လမ်းတွေကို သန့်ရှင်းရေးလုပ်ဖို့ အထူးသင့်တော်တယ်လို့ ဆိုပါတယ်။

Ref:WeRide Robosweeper S1

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top