လူ့ခန္ဓာကိုယ်ရဲ့ အသန်မာဆုံး၊ အားအကောင်းဆုံး ကြွက်သားက ဘယ်ကြွက်သားလို့ ထင်ပါသလဲ။ လူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးကြွက်သားတွေဖြစ်တဲ့ ပေါင်ကြွက်သား၊ လက်မောင်းကြွက်သား၊ ခြေသလုံးကြွက်သား၊ ဝမ်းဗိုက်ကြွက်သားတွေ မဟုတ်ပါဘူး။
ကြွက်သားထုထည်နဲ့ အားကောင်းသန်မာမှု အချိုးအစားအရဆိုရင် မေးရိုးကြွက်သားတွေက အားအကောင်းဆုံးပါပဲ။ ကြွက်သားမျှင်ပေါင်းများစွာနဲ့ စုဖွဲ့ထားတဲ့ မေးရိုးကြွက်သားဟာ မေးရိုးနဲ့ ထောင့်မှန်အနေအထား တည်ရှိပါတယ်။
မေးရိုးကြွက်သားကို အားကုန်ထုတ်ပြီး ပါးစပ် ပိတ်လိုက်မယ်ဆိုရင် ရှေ့သွားတွေအပေါ် သက်ရောက်တဲ့အားဟာ ၅၅ ပေါင်၊ အံသွားတွေအပေါ် သက်ရောက်တဲ့အားက ပေါင် ၂၀၀ နှုန်းအထိ ရှိနိုင်မယ်လို့ တွက်ဆထားပါတယ်။
Ref : What’s the strongest muscle in the human body?
NZ ( ရိုးရာလေး)

