တောင်ကိုရီးယားအဆိုတော် Whee Sung ဟာ မတ်လ ၁၀ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၄၃ နှစ်ရှိပါပြီ။ သူ့တိုက်ခန်းကို အရေးပေါ်အဖွဲ့ရောက်လာတဲ့အချိန်မှာ အသက်မရှိတော့ဘူးလို့ သိရပါတယ်။
တစ်ကိုယ်တော်အဆိုတော်ဖြစ်တဲ့ Whee Sung က အဲ့ဒီနေ့ အစောပိုင်း သူ့မန်နေဂျာနဲ့ တွေ့ဖို့လုပ်ထားခဲ့ပေမဲ့ သူ ရောက်မလာနိုင်ခဲ့ပါဘူး။ သူ့မိခင်ဖြစ်သူက သူနဲ့တစ်တိုက်တည်းနေထိုင်ပြီး သူ့သားကို သွားကြည့်တဲ့အချိန် အခုလိုဖြစ်နေတာကိုတွေ့ရှိကာ ဆေးဘက်ဆိုင်ရာအဖွဲ့ကို ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။ Whee Sung က ရုတ်တရက်နှလုံးအမောဖောက်ကာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့အေဂျင်စီ Tajo Entertainment က အခုလို ထုတ်ပြန်ထားပါတယ်။ “ဒီလိုကြေကွဲဖွယ်ရာ၊ ဝမ်းနည်းဖွယ်ရာသတင်းကို ပြောပြရတာ များစွာစိတ်မကောင်းဖြစ်ရပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ ကျွန်တော်တို့ရဲ့အနုပညာရှင် Whee Sung ကျွန်တော်တို့ကို ထားသွားခဲ့ပါပြီ။ ဆိုးလ်မြို့က သူ့နေအိမ်မှာ နှလုံးအမောဖောက်ခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။ ကျန်ရစ်သူမိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ Tajo Entertainment ဝန်ထမ််းတွေက ရုတ်တရက်သတင်းကြောင့် ဝမ်းနည်းပူဆွေးနေကြရပါတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။ နာရေးနဲ့ပတ်သက်ပြီး အသေးစိတ်ကို သီးခြားထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
Whee Sung က ၂၀၀၂ ခုနှစ်မှာ အဆိုတော်အဖြစ် ပွဲဦးထွက်ခဲ့ပြီး အယ်လ်ဘမ် ၈ ခု ထွက်ရှိထားပါတယ်။ မတ်လ ၁၅ ရက်နေ့မှာ တွဲဖက်အဆိုတော် KCM နဲ့အတူ ဒယ်ဂူမှာ ဖျော်ဖြေပွဲကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။
Ref: South Korean singer Choi Whee Sung, 43, found dead at home
WL (ရိုးရာလေး)