ဗြိတိန်အဘိုးအိုတစ်ဦးဟာ ထီပေါက်ပြီး စီးပွားရေးလုပ်ငန်း ထူထောင်ခါမှ မတော်လောဘကြောင့် ထောင်ကျခဲ့ရပါတယ်။
လက်ရှိအချိန်မှာ အသက် ၈၀ အရွယ်ရှိတဲ့ ဂျွန်အဲရစ်စပိုင်ဘီဟာ ၂၀၁၀ ပြည့်နှစ်တုန်းက ပေါင် ၂.၄ သန်း ထီဆုကြီး ဆွတ်ခူးခဲ့သူပါ။ ဒီငွေကြေးပမာဏဟာ သူ့အတွက် အေးချမ်းစွာ အနားယူဖို့ လုံလောက်တဲ့ ပမာဏဖြစ်ပေမဲ့ စပိုင်ဘီက ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း ထူထောင်ခဲ့ပါတယ်။
ဝီဂန်မြို့အနီးမှ သူ့အိမ်မှာ ဆေးဝါးအတုတွေ အကြီးအကျယ် ထုတ်လုပ်ခဲ့တာဖြစ်ပြီး သူ့လုပ်ငန်းဟာ ဈေးကွက်တန်ဖိုးအရ ပေါင် ၂၈၈ သန်းဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူ ၄ ဦးထဲမှာ စပိုင်ဘီရဲ့ သားဖြစ်သူ ဂျွန်ကောလင်းလည်း ပါဝင်ပါတယ်။ စပိုင်ဘီဟာ ဆေးဝါးအတု ထုတ်လုပ်ရေး၊ လက်နက် လက်ဝယ်တွေ့ရှိမှုတွေကြောင့် ထောင်ဒဏ် ၁၆ နှစ်၊ ၆ လ ချမှတ်ခံခဲ့ရပါတယ်။
Ref: Wigan lottery winner, 80, helped build counterfeit drugs empire, court told
NZ (ရိုးရာလေး)

