မလေးရှားနိုင်ငံက တံငါသည်တစ်ဦးဟာ ပါဟန်မြစ်ထဲ မျောပါလာတဲ့ ဆင်ရိုင်းတစ်ကောင်ကို ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ရှိခဲ့ရပါတယ်။ အသက် ၅၄ နှစ်အရွယ် အာဇ်မန်း ယူဆို့ဖ်ဆိုတဲ့ အဲ့ဒီတံငါသည်က ငါးဖမ်းနေတုန်း ကြီးမားတဲ့အရာတစ်ခုမျောပါလာတာကို တွေ့ရှိခဲ့ရတာပါ။ အစက သစ်တုံးကြီးမျောပါလာတယ်လို့ ထင်ခဲ့မိတာပါ။ ဒါပေမဲ့ အနီးကပ်ကြည့်လိုက်တဲ့အခါမှာ သစ်တုံးမဟုတ်ဘဲ အသက်မရှိတော့တဲ့ ဆင်ရိုင်းတစ်ကောင်ဖြစ်နေတယ်ဆိုတာ သိလိုက်ရတော့ ထိတ်လန့်သွားခဲ့ရပါတယ်။
ဆင်ရိုင်းက မြစ်ထဲကျသွားပြီး ရေနစ်ကာ ရေစီးသန်တာကြောင့် မျောပါသွားခဲ့တာဖြစ်နိုင်တယ်လို့ ယူဆို့ဖ်က ခန့်မှန်းပြောဆိုထားပါတယ်။
သစ်တုံးတွေနဲ့အပျက်အစီးတွေ မြစ်ကမ်းတစ်လျှောက်မျောပါလာနေတဲ့အတွက် မြစ်ထဲမှာပဲ ဆင်ရိုင်းအသေကို ထားပစ်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။
Ref: Wild elephant in M’sia suspected to have drowned in river due to severe floods, decomposed carcass found
WL (ရိုးရာလေး)