ရတနာသေတ္တာရှာပုံတော်ဖွင့်ရင်း သင်းအုပ်ဆရာတစ်ဦးသေဆုံး

20170622_large.jpg

အမေရိကန်ဒေါ်လာ ၂ သန်းတန်ဖိုးရှိတဲ့ ရတနာတွေကို လိုက်ရှာရာကနေ သေဆုံးသွားတဲ့ သင်းအုပ်ဆရာတစ်ဦးရဲ့ ရုပ်အလောင်းကို မြစ်ထဲကနေပြန်တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကော်လိုရာဒိုပြည်နယ်မှာ နေထိုင်တဲ့အသက် ၅၂ နှစ်အရွယ်အမျိုးသား ဝေါလေ့စ်ဟာ ရွှေနဲ့ ကျောက်မျက်ရတနာတွေပါတဲ့ ကြေးသေတ္တာကိုရှာဖွေဖို့ ဆန်တာဖီမြို့အနီးက ရော့ကီတောင်တန်းပေါ်ကိုသွားရောက်ခဲ့ရာကနေ ပျောက်ဆုံးသွားခဲ့တာပါ။

ရှေးဟောင်းပစ္စည်းတွေရောင်းဝယ်ဖောက်ကားတဲ့ သန်းကြွယ်သူဌေး ဖောရက်စ်ဖင်းက ၂၀၁၀ ပြည့်နှစ်မှာ ကျောက်မျက်ရတနာတွေပါတဲ့ ကြေးနီသေတ္တာကိုဝှက်ထားခဲ့ပြီး အဲဒီသေတ္တာရှိရာ တည်နေရာကို သဲလွန်စပေးတဲ့ စာကြောင်းရေ ၂၄ ကြောင်းပါ ကဗျာတစ်ပုဒ်ရေးသားခဲ့ပါတယ်။

ဝေါလေ့စ် ပျောက်ဆုံးသွားတဲ့နေရာလို့ ရဲတပ်ဖွဲ့က ယုံကြည်တဲ့နေရာကနေ ၇ မိုင်ကွာဝေးတဲ့ မြစ်ညာဘက်မှာ သူ့ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။ဝေါလေ့စ်ဟာ ဖောရက်စ်ဖင်းဝှက်ထားတဲ့ ကြေးနီသေတ္တာကိုရှာဖွေရင်း သေဆုံးခဲ့တဲ့ ဒုတိယမြောက်ကော်လိုရာဒိုပြည်နယ်သား ဖြစ်လာပါတယ်။

ဝေါလေ့စ် သေဆုံးခဲ့ပြီးတဲ့နောက်မှာတော့ ဖောရက်စ်ဖင်းအနေနဲ့ ၇ နှစ်ကြာမြင့်ပြီဖြစ်တဲ့ ရတနာရှာပုံတော်ဖွင့်ခိုင်းမှုကို အဆုံးသတ်ဖို့ လူတွေကတိုက်တွန်းထားပါတယ်။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ နေ့စဉ်ဘဝထဲကနေရုန်းထွက်ပြီး သဘာဝတောတောင်ထဲကို လူတွေသွားလာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၂ ပေါင်လေးတဲ့ ရတနာသေတ္တာကို ရှာပုံတော် ဖွင့်ခိုင်းတာလို့ ဖောရက်စ်ဖင်းက ဆိုခဲ့ပါတယ်။

Ref: BBC “Man hunting treasure from poem ‘found dead’ in New Mexico”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top