၁၅ နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့ရပေမဲ့ ၄၁ နှစ်အရွယ်မှာ ဆရာဝန်ဘွဲ့ ရခဲ့တဲ့ အမျိုးသမီး

12.8.2024-yyl-1.jpg

အသက် ၁၅ နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့ရတဲ့ အမျိုးသမီးဟာ GED ပညာရေး သင်ကြားခွင့် ရရှိခဲ့ပြီး အသက် ၄၁ နှစ်အရွယ်မှာ ဆရာဝန်အဖြစ် ဘွဲ့ရခဲ့ပါတယ်။ ဘရက်ဖို့ဒ် အသက် ၁၂ နှစ်သမီးအရွယ်မှာ သူ့ဖခင် လှေကားပေါ်က ပြုတ်ကျပြီး ကိုယ်တစ်ပိုင်းသေသွားသလို ငွေကြေးအဆင်မပြေမှုကြောင့် သူ့မိသားစုနေအိမ်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီအတွက် မွေးစားမိဘတွေနဲ့ နေထိုင်ခဲ့ရပါတယ်။

ဘဝကြမ်းတမ်းခဲ့တဲ့ ဘရက်ဖို့ဒ်ဟာ လေယာဉ်မယ်၊ ကိုယ်ကာယလေ့ကျင့်သင်ကြားပေးသူ၊ အရောင်းဝန်ထမ်းနယ်ပယ် အစရှိတဲ့ အလုပ်အမျိုးမျိုး လုပ်ခဲ့ပြီး ဘယ်နေရာ ရောက်ရောက် ကြိုးစားပမ်းစား အလုပ်လုပ်လေ့ရှိပါတယ်။ အဲဒီနောက်မှာတော့ ဘရက်ဖို့ဒ်က ဆရာဝန် ဖြစ်ချင်နေမှန်း သိလိုက်ရပြီး အသက် ၃၅ နှစ်အရွယ်မှာ အထက်တန်းအဆင့် သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေ သင်ယူဖို့ စာအုပ်တွေ ဝယ်ခဲ့ပါတယ်။ သူဟာ အလုပ် ၃ ခု လုပ်နေရင်း တပြိုင်တည်းမှာပဲ အခြေခံ ဆေးပညာသင်တန်း တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

သူဟာ သင်တန်းတက်မယ်ဆိုရင် အသွား၊ အပြန် ၆ နာရီကြာ ကားစီးရမှာဖြစ်ပြီး စားဝတ်နေရေးအတွက် အလုပ်တစ်ဖက်လည်း ရှိနေပါသေးတယ်။ ဘရက်ဖို့ဒ်က တက္ကသိုလ်တွေမှာ သင်တန်းတက်ခွင့် လျှောက်ထားပေမဲ့ လျှောက်ထားမှုအားလုံး ပယ်ချခံခဲ့ရပြီး နောက်ဆုံးကျမှ ဘရစ္စတိုးတက္ကသိုလ်ထံကနေ ဝင်ခွင့်ရခဲ့တာပါ။

တက္ကသိုလ်ထံကနေ ငွေကြေးအထောက်အပံ့ရပေမဲ့ ဘရက်ဖို့ဒ်က ကိုယ်ကာယ လေ့ကျင့်ရေးခန်းမမှာ တစ်ပတ် ၇ ရက်အလုပ်လုပ်ပြီး အားလပ်ရက်တွေမှာလည်း သူနာပြုအဖြစ် ၁၂ နာရီကြာ အလုပ်လုပ်တတ်ပါသေးတယ်။ သူဟာ လူတွေကို ကူညီပေးချင်တဲ့ စိတ်အခံကြောင့် ဆရာဝန်ဖြစ်လာဖို့ စိတ်အားထက်သန်လွန်းပြီး တစ်နေ့တာလုပ်ငန်းစဉ်မှာ မနက် ၄ နာရီထပြီး စာဖတ်ပါတယ်။

အခုအခါမှာတော့ ဘရက်ဖို့ဒ်ဟာ ဘရစ္စတိုးတက္ကသိုလ်ကနေ ဆေးပညာဘွဲ့ ရရှိခဲ့ပါပြီ။
” ကျွန်မက ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊ ဘာမှ ဖြစ်မြောက်မှာ မဟုတ်ဘူးဆိုပြီး လူတွေပြောတဲ့ စကားတွေကို မုန်းတီးမိပါတယ်။ ဒါပေမဲ့ ကိုယ့်ရင်ထဲ ရာနှုန်းပြည့်ရှိနေတဲ့ အရာတစ်ခုကိုတော့ ဘယ်လိုမှ ထင်မှတ်မထားနိုင်တဲ့အထိ လုပ်နိုင်စွမ်းရှိပါတယ်”လို့ ဘရက်ဖို့ဒ်က ပြောပါတယ်။

Ref: Woman Who Left School at 15 Graduates as a Doctor at 41: ‘You can 100% do the crazy things you’ve always dreamed’
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top