MasterChef Junior ပြိုင်ပွဲဝင်စတားကောင်လေး အသက် ၁၄ နှစ်မှာ သေဆုံး

18-11-2020-yyl-012.jpg

အမေရိကန်နိုင်ငံရဲ့ MasterChef Junior ဟင်းချက်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်ကောင်လေး ဘန်း ဝတ်ကင်စ် (Ben Watkins) ဟာ ကင်ဆာရောဂါကြောင့် သေဆုံးသွားခဲ့ပါပြီ။ အသက် ၁၄ နှစ်သာရှိသေးတဲ့ ဘန်းဟာ သူ မသေဆုံးခင် (၁) နှစ်ခွဲလောက် ကင်ဆာရောဂါကို ခံစားခဲ့ရတာဖြစ်ပါတယ်။ ဘန်းက MasterChef Junior ကလေးဟင်းချက်ပြိုင်ပွဲ Season 6 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။

ဘန်း သေဆုံးခဲ့တဲ့သတင်းကို ဘန်းမိသားစုရဲ့ရှေနေ့ ထရန် မက်ကိန်း (Trent McCain) ကနေတဆင့် ထုတ်ပြန်ကြေညာပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဘန်းရဲ့အဘွားနဲ့ဦးလေးတို့ကိုယ်စားရေးထားတဲ့စာမှာတော့ “ဘန်းဟာ မိဘနှစ်ပါးစလုံးကို ၂၀၁၇ခုနှစ် စက်တင်ဘာက ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာ ကျွန်မတို့ ဘန်းရဲ့ခွန်အား၊ သတ္တိနဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် အံ့အားသင့်ခဲ့ရတယ်။ သူ ဘယ်တော့မှ အပြစ်တင်ဝေဖန်တာမျိုးမရှိခဲ့ဘူး။ ဘန်းဟာ ကျွန်မတို့ သိတဲ့ သန်မာကြံ့ခိုင်ဆုံးပုဂ္ဂိုလ်တစ်ယောက် အမြဲတမ်းဖြစ်သွားမှာပါ”ဆိုတာပါပဲ။ ဘန်းရဲ့မိဘတွေက ၂၀၁၇ခုနှစ်မှာ အခြားသူတွေကို သတ်ပြီး သေကြောင်းကြံစည်ကာ သေဆုံးသွားခဲ့တာပါ။

“ဘန်းရဲ့ရောဂါအကြောင်း ကမ္ဘာကြီးကို ထုတ်ပြောပြတဲ့အချိန်မှာ လူတော်တော်များများဆီက ရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာကြောင့် ဘန်းက အရမ်း ပျော်ရွှင်အားတက်ခဲ့ရတယ်။ ဘန်းက သူ ထုတ်ပြောပြခဲ့တာထက် ရောဂါကို ပိုခံစားခဲ့ရတယ်။ နောက်ဆုံးတော့ သူခံစားရတာ အဆုံးသတ်သွားရတယ်လို့ပဲ ကျွန်မတို့ ဖြေသိမ့်ရမှာပါ။ သူ့ကို လူတွေက ချစ်ကြတယ်ဆိုတာ ဘန်းသိတယ်”လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဘန်းဟာ လူ (၆) ဦးမှာသာ ဖြစ်တတ်တဲ့ တစ်ရှုးအကျိတ်ရှားပါးကင်ဆာရောဂါဖြစ်တဲ့ angimatois fibrous histiocytoma ကို ခံစားခဲ့ရတာပါ။ ဘန်းရဲ့မိဘတွေ သေဆုံးသွားပြီးတဲ့နောက်မှာ ဘန်းအတွက် GoFundMe ပေ့ချ်ကို တည်ထောင်ပေးခဲ့ကြပါတယ်။ ဒေါ်လာ ၂၀၀,၀၀၀ နီးပါး ရန်ပုံငွေရရှိခဲ့ကာ ဘန်းကို ရက်ရက်ရောရောလှူဒါန်းခဲ့ကြပါတယ်။ လှူဒါန်းသူတစ်ယောက်ကလည်း “ဘန်းက စားဖိုမှူးတွေအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ MasterChef Family က လူတိုင်းက သူ့ကို လွမ်းနေတော့မှာဖြစ်တယ်”လို့ ဆိုထားပါတယ်။

Ref: Ladbible “MasterChef Junior Star Ben Watkins Has Died At Just 14 Years Old”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top