သတင်းစာတစ်စောင်စာ အရွယ်အစားပဲရှိတဲ့ ကမ္ဘာ့အသေးငယ်ဆုံးပန်းခြံ

park.jpg

သတင်းစာတစ်စောင်လောက်ပဲ အရွယ်အစားရှိတဲ့ ပန်းခြံတစ်ခုဟာ ကမ္ဘာ့အသေးငယ်ဆုံးပန်းခြံအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ နာဂါအီဇုမီမြို့မှာရှိတဲ့ ပန်းခြံလေးဟာ ၂.၆ စတုရန်းပေသာ ကျယ်ဝန်းပြီး မြက်လေးတစ်စုနဲ့ အုတ်ခုံလေးတစ်လုံးပဲ ရှိပါတယ်။ အုတ်ခုံလေးကတော့ ပန်းခြံကိုလာလည်သူ ထိုင်ခုံလုပ်ထားတာပါ။

ဒီပန်းခြံလေးဟာ ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းကတည်းက တည်ရှိခဲ့တာဖြစ်ပေမဲ့ ယနေ့အချိန်မှသာ ကမ္ဘာ့အသေးဆုံး အပန်းဖြေပန်းခြံအဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်ခဲ့တာပါ။ နာဂါအီဇုမီမြို့ တည်ဆောက်ရေးစီမံခန့်ခွဲမှုအဖွဲ့ ခေါင်းဆောင် ကိုယာမာရဲ့ ပြောကြားချက်အရ အမေရိကန်မှာ လမ်းပေါ်မှ နေရာလပ်တွေကို အကောင်းဆုံး အသုံးချတဲ့လုပ်ရပ်တွေကို အတုယူပြီး အခုလို ပန်းခြံလေး ဆောက်ခဲ့တာလို့ သိရပါတယ်။

Ref: World’s Smallest Park Measures Only 0.24 Square Meters


NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply