ကမ္ဘာ့အရပ်အမြင့်ဆုံးကျွဲအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ ထိုင်းမွေးမြူရေးခြံမှ ကျွဲကလေး

10.2.2025-yyl-7.jpg

ထိုင်းနိုင်ငံမှ ကျွဲတစ်ကောင်ဟာ ခွာကနေ ကျောအထိ ၆ ပေကျော် မြင့်ပြီး ကမ္ဘာ့အရပ်အမြင့်ဆုံးကျွဲအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ နာခွန်ရက်ချာဆီမာခရိုင်၊ နင်လာနီမွေးမြူရေးခြံမှာ ပေါက်ဖွားလာတဲ့ ၃ နှစ်သားအရွယ် King Kong ဆိုတဲ့ ကျွဲဟာ ၆ ပေ၊ ဝ.၈ လက်မ မြင့်မားပြီး အရွယ်ရောက်ပြီးသား ပုံမှန်ကျွဲတွေထက် လက်မ ၂၀ လောက် အရပ်ပိုမြင့်တယ်လို့ ဂင်းနက်စ်ကမ္ဘာ့စံချိန်အဖွဲ့က ဆိုပါတယ်။

King Kong ဆိုတဲ့ လူဝံဇာတ်ကားကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ကျွဲလေးဟာ အကောင်ထွားလွန်းပေမဲ့ လူနဲ့ယဉ်ပါးသလို ပျော်ပျော်နေတတ်တဲ့ဉာဉ်ရှိတယ်လို့ မွေးမြူရေးခြံလုပ်သား ချာပတ်ဝတ်တီက ပြောပါတယ်။

Ref: World’s tallest water buffalo is more than 6 feet tall
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply