အကန့်အသတ်မရှိတဲ့ မေတ္တာ

2_CATERS_DUCK_FAMILY_03.jpg

PIC BY MARK CHRIMES/ CATERS NEWS - (PICTURED: The 16 ducklings riding on their mothers back) - What an adorable sight! This mother duck has been caught shepherding her flock of new-borns across the water by letting them cling to her back. The mum, who was laden with 16 ducklings, was seen in Queens Park Heywood lands, escorting her young away while some nearby swans chased away the other ducks. Those that didnt manage to hitch a ride on their mothers back however were right behind in her slipstream attempting to keep up with her. The image was captured by Mark Chrimes, 49, from Rochdale, lancs. SEE CATERS COPY.

ဘဲမိခင်ရဲ့ ကျောပေါ်မှာ ဘဲသားပေါက်လေး ၁၆ ကောင် လိုက်စီးနေတဲ့ပုံကို အင်္ဂလန်နိုင်ငံသား မက်ခ်ခရင်းစ်က ရိုက်ကူးခဲ့တာပါ။ ဒီပုံကို အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း ရော့ခ်ျဒါလီမြို့အနီးက ရေကန်တစ်ကန်မှာ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။

ဒီပုံနဲ့ပတ်သက်ပြီး ဒေးလီးမေးလ် သတင်းစာက ကလေးများတဲ့ မိသားစုကြီးတစ်စု တည်ထောင်ဖို့ မလွယ်ကူပေမယ့် မိခင်မေတ္တာဟာ အကန့်အသတ် မရှိဘူးဆိုတဲ့ဆိုတာကို
ဖော်ကျူးနေတယ်လို့ ရေးသားထားပါတယ်။

မက်ခ်ခရင်းစ်က ”မိခင်ဘဲမကြီးရဲ့ ကျောပေါ်မှာ ဘဲသားပေါက်လေး ဘယ်နှစ်ကောင် လိုက်စီးနေလဲလို့ ရေမိတဲ့အချိန်မှာ ဒီလောက်တောင် များရသလားလို့ ကျွန်တော် မယုံနိုင်အောင်ဖြစ်သွားတယ်။ ပုံမှန်အားဖြင့် ဆိုရင် ဘဲတွေက ကင်မရာထုတ်လိုက်တာနဲ့ အဝေးကို ထွက်ပြေးသွားတတ်ကြပါတယ်။ ဒီအတွက်ကြောင့် အဲဒီပုံကို ရိုက်နိုင်ခဲ့တာ အရမ်းထူးခြားပါတယ်” လို့ ပြောပါတယ်။

ဘဲတွေဟာ သာမန်အားဖြင့် ဥ ၁၂လုံးအထိ ဥတတ်ပေမယ့် ဘဲသားပေါက် ၁၆ ကောင်အထိ ရှိတာကတော့ သာမန်ထက် များတယ်လို့ ဒေးလီးမေးလ် သတင်းစာက
ဖော်ပြထားပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top