လမ်းမပေါ်မှာသားရေကွင်းပစ်မိလို့ ဒဏ်ရိုက်ခံလိုက်ရတဲ့အမျိုးသား

61351545_1346095315542211_1738902172180938752_n.jpg

သားရေကွင်းမြင်ရင် ကောက်ပစ်ချင်သူတွေအတွက်ကတော့ စင်္ကာပူမှာသာပစ်မိရင် ဒုက္ခလှလှတွေ့ရမှာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့က စင်္ကာပူနိုင်ငံရဲ့ အမျိုးသား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (NEA) ကတော့ လမ်းပေါ်မှာ သားရေကွင်းနှစ်ကွင်းပစ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို စင်္ကာပူဒေါ်လာ (၃၀၀) ဒဏ်ရိုက်ခဲ့တယ်လို့ န ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီအကြောင်းကို လူမှုကွန်ရက်ပေါ်တင်တဲ့အချိန်မှာ Share တဲ့သူအရေအတွက် များပြားစွာရှိခဲ့ပါတယ်။

ကားဆီကိုလမ်းလျှောက်လာရင်း သားရေကွင်းတစ်ပင်ချင်းစီကို လေထဲ ပစ်နေခဲ့တဲ့အမျိုးသားတစ်ဦးကို NEA အရာရှိတွေက စည်းကမ်းမဲ့အမှိုက်ပစ်မှုနဲ့ NEA အရာရှိတွေဟာ ဒဏ်ရိုက်လိုက်တာ ဖြစ်ပါတယ်။ အရာရှိပြောတဲ့ ဒဏ်ကြေးကိုလည်း အဆိုပါအမျိုးသားက အသာတကြည်ပဲ ပေးဆောင်ခဲ့ပါတယ်။

မေလ (၁၆) ရက်နေ့မှာလည်း သစ်သားသေတ္တာပုံးတစ်ခုထဲကို အချိုရည်ဗူးတွေလွှင့်ပစ်ခဲ့တဲ့ အမျိုးသားနှစ်ယောက်ကို စင်ကာပူဒေါ်လာ (၃၀၀) စီ ဒဏ်ရိုက်ခဲ့ပါသေးတယ်။ သူတို့က ဒဏ်ကြေးငွေကို လေးရက်အကြာမှာ ပေးေဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုဒဏ်ရိုက်ရတဲ့အကြောင်းရင်းကတော့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာဟာ ပတ်ဝန်းကျင်ကိုဆိုးကျိုး ဖြစ်စေပြီး အမှိုက်ကိုစနစ်တကျစွန့်ပစ်ခြင်းနဲ့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့က စင်္ကာပူနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ သတ်မှတ်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။

Ref: channelnewsasia “Man fined S$300 after shooting two rubber bands that landed on public road”
Alice May(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply