လျှပ်စစ်ဓာတ်အားခနှုန်းထားများကို အသစ်ပြင်ဆင်သတ်မှတ်

25.6.2019Electric.jpg

လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို နှုန်းထားအသစ်တွေနဲ့ ပြောင်းလဲကောက်ခံသွားတော့မယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည်တိုးတက်ကောင်းမွန်စေဖို့ တိုးချဲ့ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ၊ မဟာဓာတ်အားလိုင်းစနစ်ကနေ လျှပ်စစ်မရရှိသေးတဲ့ဒေသတွေမှာ လျှပ်စစ်ရရှိအောင် ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေနဲ့ ဓာတ်အားထုတ်လုပ်မှုစွမ်းအား စဉ်ဆက်မပြတ် တိုးတက်အောင် ပိုမိုကြိုးပမ်းဆောင်ရွက်နိုင်ဖို့ သင့်လျော်တဲ့ ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ဖို့အတွက် လျှပ်စစ်မီးသုံးစွဲသူတွေကိုကိုယ်စားပြုတဲ့ နယ်ပယ်အသီးသီးက ကိုယ်စားလှယ်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အကြံပြုချက်တွေရယူဆောင်ရွက်ခဲ့တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေပုဒ်မ (၄၁) နဲ့အညီ လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ရန်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြခဲ့ရာမှာ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့မှာကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၉) ရဲ့သဘောတူညီချက်အရ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ကနေစတင်ပြီး လျှပ်စစ် ဓာတ်အားခနှုန်းထားတွေကို ပြင်ဆင်သတ်မှတ်ပြီး ကောက်ခံသွားမယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ပြောင်းလဲကောက်ခံသွားတော့မယ့် လျှပ်စစ်ဓာတ်အားခနှုန်းထားများ

Ref: Ministry of Electricity and Energy
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top