YBS ကားတွေ ညဘက်အထွက်ကျဲသွားတဲ့အတွက် မြို့ပြင်ပြန်တဲ့ ခရီးသည်တွေ အခက်အခဲကြုံနေ

YBS ပြေးဆွဲချိန်နဲ့ ရန်ကုန်မြို့ပြင်ပိုင်း ခရီးသွားတွေရဲ့အခက်အခဲ ည ၉ နာရီနောက်ပိုင်းမှာ YBS ကားတွေ အထွက်ကြဲသွားတဲ့အတွက် ရန်ကုန်မြို့ပြင်ပိုင်းမှာ နေထိုင်တဲ့သူတွေအနေနဲ့ အခက်အခဲကြုံတွေ့နေရပါတယ်။

ဒီလို အခက်အခဲကြုံနေရသူတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူ ကိုစိုးသူကတော့ သူနေ့စဉ်ကြုံတွေ့နေရတဲ့ အိမ်ပြန်ခရီး အခက်အခဲအကြောင်းကို ဒီဗီဒီယိုထဲမှာ ဖွင့်ဟပြောပြထားပါတယ်။

ဒါ့အပြင် ညဘက်မှာ YBS ကားတွေ ဘာကြောင့် အထွက်ကြဲရတာလဲဆိုတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ယာဉ်မောင်းတွေ၊ ယာဉ်ပိုင်ရှင်တွေကို ရိုးရာလေးအဖွဲ့သားတွေက အခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။

Cherry
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply