လကမ္ဘာပေါ်မှာ ကမ္ဘာ့ပထမဆုံး ဟိုတယ်ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတဲ့ ကုမ္ပဏီက လကမ္ဘာဟိုတယ် တည်းခိုမယ့်သူတွေဆီကနေ ငွေစတင်ကောက်ခံလျက် ရှိပါတယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ်ကနေ ဘွဲ့ရထားပြီး Tesla ကုမ္ပဏီမှာ အလုပ်သင် ဝင်လုပ်ခဲ့ဖူးတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသား စကိုင်လာချန်းက GRU Space ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၃၂ ခုနှစ်ကျရင် လကမ္ဘာပေါ်မှာ ဟိုတယ်ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းလျက် ရှိပါတယ်။
သူတို့ကုမ္ပဏီဟာ ကမ္ဘာမြေကနေ လကမ္ဘာဆီ ဆောက်လုပ်ရေးပစ္စည်းတွေ ပို့ဆောင်ပြီး ဆောက်လုပ်မှာ မဟုတ်ပါဘူး။ လကမ္ဘာရဲ့ မြေသားကို တူးဖော်အသုံးပြုပြီး ဟိုတယ်ဆောက်မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လကမ္ဘာပေါ် ဟိုတယ်ဆောက်လုပ်ခွင့်အတွက် ခွင့်ပြုချက် စောင့်ဆိုင်းနေဆဲဖြစ်ပေမဲ့ ၂၀၂၉ ခုနှစ်ကျရင် ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ လကမ္ဘာဟိုတယ်ကို တည်းခိုချင်သူတွေအနေနဲ့ ဒေါ်လာ ၁၀ သန်းကျော် ကုန်ကျဖွယ် ရှိပေမဲ့ ကနဦး ပေးချေမှုအဖြစ် ဒေါ်လာ ၂ သိန်းခွဲကနေ ဒေါ်လာ ၁ သန်း စသွင်းပေးရမယ်လို့ စကိုင်လာချန်းက ဆိုပါတယ်။
Ref: You Can Book a Room at the World’s First Moon Hotel for a $1 Million Down-Payment
NZ (ရိုးရာလေး)

