နေအိမ် ၂ သိန်းနီးပါး ရေဖုံးလွှမ်းခဲ့တဲ့ ဗီယက်နမ်ရေဘေး

23-10-2020-yyl-021.jpg

ဗီယက်နမ်နိုင်ငံမှာတော့ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုတွေ ကြုံနေရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုတွေကနေ နလန်ထူဖို့ ကြိုးစားနေချိန်မှာပဲ ဆိုးရွားလွန်းတဲ့ ရေဘေးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ရေကြီးရေလျှံမှုကြောင့် ရေဖုံးလွှမ်းခဲ့တဲ့ နေအိမ် ၁၇၈၀၀၀ ကျော်ရှိပြီးသေဆုံး ဒါမှမဟုတ် ရေနောက်ပါသွားခဲ့တဲ့ ကြက်၊ ဝက် မွေးမြူရေးတိရစ္ဆာန်ကတော့ ၇၀၀၀၀၀ ကျော် ရှိပါတယ်။ ရေဘေးကြောင့် ဗီယက်နမ်ပြည်သူ သိန်းပေါင်းများစွာဟာ ခိုလှုံစရာနေရာ၊ သောက်ရေနဲ့ အစားအစာ အရေးတကြီး လိုအပ်နေပါတယ်။ ဒီလအတွင်း ဗီယက်နမ်မှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိနေပါပြီ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top