တေလာဆွစ်ဖ် လာရောက်ကြည့်ရှုမှုကြောင့် အလှူငွေ သောင်းချီ ရရှိခဲ့တဲ့ ကလေးဆေးရုံ

talar21.jpg

အမေရိကန်နိုင်ငံမှ ကလေးဆေးရုံတစ်ခုဟာ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ရဲ့ ခရီးစဉ်ကြောင့် အလှူငွေ ဒေါ်လာသောင်းချီ ရရှိခဲ့ပါတယ်။ တေလာဆွစ်ဖ်ဟာ ဇွန်လ ၁၃ ရက်နေ့က ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ဂျိုးဒီမက်ဂျီယိုကလေးဆေးရုံကို လာရောက်ခဲ့ပြီး ကလေးလူနာတွေကို တစ်ခန်းဝင် တစ်ခန်းထွက် လိုက်လံ တွေ့ဆုံ အားပေးနှုတ်ဆက်ခဲ့ပါတယ်။

တေလာဆွစ်ဖ်နဲ့ ပွေ့ဖက်နှုတ်ဆက်ခွင့်ရခဲ့တာဟာ ကလေးငယ်တွေ ဘဝမှာ မေ့မရနိုင်စရာ အခိုက်အတန့်ဖြစ်ခဲ့ရုံတင်မက အခြားအကျိုးကျေးဇူးတွေလည်း ရှိခဲ့ပါတယ်။ ဆွစ်ဖ်တီလို့ ခေါ်တဲ့ တေလာဆွစ်ဖ်ရဲ့ အမာခံပရိသတ်တွေက ကလေးဆေးရုံမှ လူနာတွေအတွက် ဒေါ်လာသောင်းချီ လှူဒါန်းပေးခဲ့ကြပါတယ်။


မွေးရာပါ နှလုံးကြွက်သားထူပြီး နှလုံးကြီးတဲ့ ဝေဒနာကြောင့် အသက် ၂ နှစ်အရွယ်ကတည်းက နှလုံးခွဲစိတ်မှု လုပ်ခဲ့ရပြီး အသက် ၇ နှစ်အရွယ်မှာလည်း ကျန်းမာရေးပြဿနာတွေ ခံစားနေရတဲ့ ကလေးငယ် မေဂျက်စတီဝီလျံတစ်ဦးတည်းအတွက်တင် အလှူငွေဒေါ်လာ ၁၅၀၀၀ ကျော် ရရှိခဲ့ပြီး အခြားကလေးလူနာတွေအတွက်လည်း အလှူငွေ အများအပြား ရရှိခဲ့တာပါ။

Ref: Swifties Raise Thousands For Sick Kids After Taylor Swift’s Surprise Hospital Visit

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top