Young and Dangerous ဟောင်ကောင်ဇာတ်ကားနဲ့ လူသိများတဲ့ မိုက်ကယ်ချန်း အသက် ၈၀ ရှိပြီ

19.8.2024-yyl-1.jpg

၁၉၉၀ ဝန်းကျင်က လူသိများခဲ့တဲ့ ဟောင်ကောင်ကိုယ်ခံပညာမင်းသား မိုက်ကယ်ချန်းဟာ လွန်ခဲ့တဲ့နှစ်များစွာကတည်းက အနုပညာလောက ကနေ ပျောက်ကွယ်သွားခဲ့တာပါ။

မိုက်ကယ်ချန်းကို Young and Dangerous ဇာတ်ကားနဲ့ သိခဲ့ကြတာဖြစ်ပြီး အခုဆို အသက် ၈၀ ရှိနေပါပြီ။ မကြာသေးခင်က တရုတ်လူမှုကွန်ယက်အကောင့် Xiao Hong Shu မှာ မျှဝေခဲ့တဲ့ ဗီဒီယိုမှာ မိုက်ကယ်ချန်းကိုပရိသတ်တွေက ပြန်မြင်တွေ့ခဲ့ရပါတယ်။ မိုက်ကယ်ချန်းက ဟောင်ကောင်၊ ဆိုင်ခုံဒေသမှာရှိတဲ့ သူ့နေအိမ်ကို လှည့်လည်ပြသပေးနေတာပါ။

အခုဆို မိုက်ကယ်ချန်းက လမ်းလျှောက်ရင် ထုတ်ကောက်ကို အားကိုးနေရပါပြီ။ အဖြူရောင်တီရှပ်၊ အနက်ရောင်ဘောင်းဘီတို့ကို ဝတ်ဆင်ထားပြီး အရင်လို ပိန်ပိန်ပါးပါးပါပဲ။ လူမှုကွန်ယက်အသုံးပြုသူတွေက မိုက်ကယ်ချန်း အသက်ကြီးသွားတာကို မြင်တွေ့ရပြီးနောက် စိတ်မကောင်းဖြစ်နေကြပါတယ်။

“ဘယ်လိုလုပ် အရမ်းအသက်ကြီးသွားတာလဲ”၊ “သူ ဘယ်သူလဲဆိုတာ သိဖို့ တော်တော်အချိန်ယူလိုက်ရတယ်၊ အရမ်းအသက်ကြီးသွားတာပဲ”လို့ လူမှုကွန်ယက်အသုံးပြုသူတွေက ဆိုခဲ့ကြပါတယ်။

မိုက်ကယ်ချန်းက လွန်ခဲ့တဲ့နှစ်တွေမှာ တော်တော်လေးကျော်ဖြတ်ခဲ့ရပါတယ်။ သူဟာ ၂၀၂၀ ခုနှစ်မှာ လေဖြတ်ပြီး အဆုတ်ကင်ဆာခံစားခဲ့ရတယ်။ ၂၀၂၁ ခုနှစ်မှာ ဦးနှောက်ကင်ဆာရောဂါတွေ့ရှိခဲ့ပါတယ်။
ဆေးကုသမှုခံယူခဲ့မှုနဲ့ သူ့ဇနီးရဲ့ပြုစုစောင့်ရှောက်မှုတို့ကြောင့် မိုက်ကယ်ဟာ နေမကောင်းဖြစ်တာကနေ တဖြည်းဖြည်းချင်း သက်သာလာခဲ့ပါတယ်။

Ref: Young and Dangerous Baddie Michael Chan Is 80; Netizens Lament How Much He’s Aged

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top