ကင်ဆာရောဂါကနေ အသက်ရှင်လွတ်မြောက်လာတဲ့ အမျိုးသမီးက အင်္ဂလိပ်ရေလက်ကြားကို မရပ်မနား (၄)ကြိမ်ကူးခတ်ပြီး စံချိန်တင်

yyl-019-5.jpg

ကင်ဆာရောဂါကနေ အသက်ရှင်လွတ်မြောက်လာတဲ့ အမျိုးသမီးတစ်ယောက်ဟာ အင်္ဂလိပ်ရေလက်ကြားကို (၄)ကြိမ်တိုင်တိုင် မရပ်မနား ကူးခတ်နိုင်ခဲ့ပါတယ်။ အသက်(၃၇)နှစ်ရှိတဲ့ ဆာရာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နံနက်အစောပိုင်းမှာ အဲဒီစိန်ခေါ်မှုကို စတင်ခဲ့ပြီး (၅၄)နာရီအကြာမှာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ရင်သားကင်ဆာရောဂါ ကုသမှုတွေ ပြီးပြတ်ပြီး တစ်နှစ်အကြာမှာပဲ ဆာရာက အခုလိုစွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဆာရာဟာ အင်္ဂလိပ်ရေလက်ကြားကို (၄)ကြိမ်တိုင်တိုင် မရပ်မနားကူးခတ်နိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးလူသား ဖြစ်လာခဲ့ပါတယ်။ အင်္ဂလိပ်ရေလက်ကြားကို (၄)ကြိမ်ကူးခတ်ရမယ့် ခရီးစဉ်က မိုင်(၈၀)လောက်ပဲ ဝေးမယ်လို့ ထင်ခဲ့ပေမဲ့ ဒီရေအတက်ကြမ်းလို့ မိုင်(၁၃၀)နီးပါး ကူးခတ်ခဲ့ရပါတယ်။ ဒီစိန်ခေါ်မှုမှာ သူ့အတွက် အခက်ခဲဆုံးဖြစ်ခဲ့တာကတော့ ရေငန်ကြောင့် လည်ချောင်းနဲ့ ပါးစပ်ရောင်ရမ်းခဲ့တာပါပဲလို့ ဆာရာက ပြောပါတယ်။

အခုစိန်ခေါ်မှုဟာ ကင်ဆာရောဂါကနေ အသက်ရှင်လွတ်မြောက်လာသူအားလုံးအတွက် ရည်စူးတယ်လို့ ဆာရာက ဆိုပါတယ်။ အရင်တုန်းက အင်္ဂလိပ်ရေလက်ကြားကို (၃)ကြိမ်တိုင်တိုင် မရပ်မနားကူးခတ်နိုင်သူ (၄)ယောက် ရှိခဲ့ပေမဲ့ ဆာရာ့လို စွမ်းဆောင်နိုင်သူကတော့ တစ်ယောက်မျှ မပေါ်ခဲ့ဖူးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top