၂၀၂၀ အိုလံပစ်ပွဲအတွက်ဆုတံဆိပ်တွေကို စွန့်ပစ်လျှပ်စစ်ပစ္စည်းတွေကရတဲ့ သတ္ထုတွေအသုံးပြုဖန်တီးမည်

feature-image-1.jpg

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာကျင်းပသွားမယ့် ၂၀၂၀ အိုလံပစ်အားကစားပွဲနဲ့ မသန်စွမ်းအိုလံပစ်အားကစားပွဲတွေအတွက် ဆုတံဆိပ်တွေကို စွန့်ပစ်လျှပ်စစ်ပစ္စည်းတွေကရတဲ့ သတ္ထုအပိုင်းအစတွေနဲ့ ဖန်တီးသွားမယ်လို့ သိရပါတယ်။

၂၀၂၀ အိုလံပစ်အားကစားပွဲနဲ့ မသန်စွမ်းအိုလံပစ်အားကစားပွဲတွေအတွက် ဆုတံဆိပ်တွေကို စွန့်ပစ်လျှပ်စစ်ပစ္စည်းတွေကရတဲ့ သတ္ထုအပိုင်းအစတွေနဲ့ ဖန်တီးသွားမယ်

၂၀၂၀ တိုကျိုအိုလံပစ်ရဲ့ဆုတံဆိပ်ဖန်တီးရေးစီမံချက်ကတော့ အခု မတ်လအကုန်လောက်မှာပဲ ရွှေ (၃၀.၃) ကီလိုဂရမ်၊ ငွေ (၄၁၀၀) ကီလိုဂရမ်နဲ့ ကြေး (၂၇၀၀) ကီလိုဂရမ်လောက်ရအောင် ရှာဖွေစုဆောင်းနိုင်ဖို့ ရည်ရွယ်ထားကြောင်း ဆိုပါတယ်။

ရွှေ ၃၀.၃ ကီလိုဂရမ်၊ ငွေ ၄၁၀၀ ကီလိုဂရမ်နဲ့ ကြေး ၂၇၀၀ ကီလိုဂရမ်လောက်ရအောင် ရှာဖွေစုဆောင်းနိုင်ဖို့ ရည်ရွယ်ထား

မိုဘိုင်းလ်ဖုန်းလုံးရေ (၅) သန်းကျော်နဲ့ စွန့်ပစ်လျှပ်စစ်ပစ္စည်းဟောင်းအလေးချိန်စုစုပေါင်း (၄၇၄၈၈) တန် စုဆောင်းရရှိထားပြီးဖြစ်

စီမံချက်တာဝန်ရှိသူတွေကလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းကစပြီး လက်ရှိအချိန်အထိ အသုံးပြုပြီးမိုဘိုင်းလ်ဖုန်းလုံးရေ (၅) သန်းကျော်နဲ့ စွန့်ပစ်လျှပ်စစ်ပစ္စည်းဟောင်းအလေးချိန်စုစုပေါင်း (၄၇၄၈၈) တန် စုဆောင်းရရှိထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပြီး စွန့်ပစ်ပစ္စည်းတွေကြောင့် တဖြည်းဖြည်းညစ်ညမ်းပျက်စီးလာနေတဲ့ကမ္ဘာကြီးကို တစ်တပ်တစ်အားကုစားကယ်တင်ပေးတဲ့အနေနဲ့ ဒီဆုတံဆိပ်ဖန်တီးရေးစီမံချက်ကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Ref: CGTN
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top