အသက်အငယ်ဆုံး Emmy ဆုရှင် မင်းသား အိုဝမ် ကူးပါး

owan.jpg

Netflix ရဲ့ မူရင်းစီးရီး Adolescence မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် မင်းသား အိုဝမ် ကူးပါးက Emmy ဆုကို ရရှိခဲ့တဲ့ အသက်အငယ်ဆုံးမင်းသားဖြစ်လာခဲ့ပါတယ်။ သူဟာ စက်တင်ဘာ ၁၄ ရက်နေ့က ပြုလုပ်တဲ့ Emmys ဆုပေးပွဲမှာ A limited Series or Movie ဆုအမျိုးအစားမှာ ဇာတ်ပို့ဆုကို ရရှိသွားခဲ့တာပါ။

သူ ဒီဆုရရှိတော့ “ဝိုး … အရမ်းဆန်းကြယ်လိုက်တာ။ အရိုးသားဆုံးပြောရရင် ဒီဆုကို ရရှိဖို့ မမျှော်လင့်ခဲ့ဘူး။ ဒီညက မင်း သင်ယူလေ့လာပြီး တစိုက်မတ်မတ်နဲ့အားစိုက်ကာ Comfort Zone ထဲက ထွက်မယ်ဆိုရင် ဘဝမှာ ဘယ်အရာမဆို အောင်မြင်နိုင်တယ်ဆိုတာ သက်သေပြနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ကျေးဇူးတင်ရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ကျွန်တော်က ဘာမှမဟုတ်ပါဘူး။ အခုတော့ ကျွန်တော် ဒီနေရာမှာ ဆုရှိခဲ့ပြီ။ ဆုပေါ်မှာ ကျွန်တော့်နာမည်ရေးထားပေမဲ့ ဒါက ဒီစီးရီးမှာ ပါဝင်ခဲ့ကြတဲ့ သူအားလုံးနဲ့ သက်ဆိုင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

ဒီဆုနဲ့ အိုဝမ်က ၁၉၉၄ ခုနှစ်မှာ အသက် ၂၃ နှစ်နဲ့ အငယ်ဆုံးဆုရှင်ဖြစ်ခဲ့တဲ့ မိုက်ကယ် အေ ဂိုဂျီအန်ရဲ့စံချိန်ကို ချိုးခဲ့တာပါ။ ဒါ့အပြင် အိုဝမ်ဟာ ၁၉၇၃ ခုနှစ်က အသက် ၁၆ နှစ်နဲ့ Emmy ဆုကို ရရှိခဲ့တဲ့ အသက်အငယ်ဆုံးအမျိုးသားသရုပ်ဆောင်အဖြစ် စံချိန်ချိုးခဲ့တဲ့ စကော့တ် ဂျကိုဘီကိုလည်း ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။

Ref: Youngest Emmy Award Winner Owen Cooper

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top