ဆက်သွယ်ရေးဥပဒေနဲ့တရားစွဲခံရသူ ၁၇၉ ဦးအထိရှိလာ

51223826_2169214699788437_1252967467777523712_o.jpg

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ တရားရုံးတင်ပြီး တရားစွဲဆိုမှု စုစုပေါင်း (၁၇၉) မှု အထိရှိလာပြီဖြစ်တယ်လို့ အသံ (လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့) ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ယခင်အစိုးရလက်ထက်မှာ ဆက်သွယ်ရေးဥပဒေနဲ့တရားစွဲခံရတဲ့အမှုအရေအတွက် (၁၁) မှုရှိခဲ့ပြီး လက်ရှိအစိုးရလက်ထက်မှာတော့ ဥပဒေမပြင်ဆင်ရသေးခင်အချိန် တရားစွဲဆိုခံရမှု (၉၁) မှုနဲ့ ဥပဒေပြင်ဆင်ပြီးချိန်မှာ တရားစွဲဆိုခံရမှု (၇၇) မှု ရှိကြောင်း တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဥပဒေပြင်ဆင်ပြီးမှ တရားစွဲဆိုခံရတဲ့အမှုတွေထဲက စုစုပေါင်း (၂၄) မှှုဟာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရဝန်ထမ်းတွေက တရားစွဲဆိုထားကြတာဖြစ်ပါတယ်။

သတင်းမီဒီယာတွေကို ဆက်သွယ်ရေးဥပဒေနဲ့တရားစွဲဆိုထားမှု (၂၃) မှုရှိပြီး လက်ရှိတရားရင်ဆိုင်နေရတဲ့ သတင်းသမားဦးရေက (၃၁) ဦးအထိရှိပြီဖြစ်ပါတယ်။

Ref: အသံ (လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့)
Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply