သက်ကြီးရွယ်အိုတွေကို ဖေးမကူညီပေးခဲ့တဲ့ ငါးတန်းကျောင်းသူလေး

ch1.jpg

အသက် ၁၁ နှစ်အရွယ် ငါးတန်းကျောင်းသူလေး ရူဘီကိတ်ချေဆီ (Ruby Kate Chitsey) က သူရဲ့နွေရာသီအားလပ်ရက်တော်တော်များများကို သူ့မိခင် တာဝန်ထမ်းဆောင်နေတဲ့ အာကင်ဆက်စ်ပြည်နယ် (Arkansas)၊ ဟာရီဆန်(Harrison) က ဘိုးဘွားရိပ်သာမှာပဲ ကုန်ဆုံးဖြစ်ပါတယ်။ အဲဒီဘိုးဘွားရိပ်သာမှာ မှန်တံခါးကနေ ငေးမောကြည့်နေတဲ့အဘွားအိုတစ်ယောက်ကို စူးစမ်း မေးကြည့်တဲ့အခါ အဘွားအိုရဲ့အဖြေက ငါးတန်းကျောင်းသူလေးရဲ့နှလုံးသားကို နာကျင်သွားစေခဲ့ပါတယ်။

ဝှီးချဲနဲ့အဘွားအိုက လွန်ခဲ့တဲ့နှစ် ၁၂ နှစ်တုန်းက ပျောက်ဆုံးသွားခဲ့တဲ့ ခွေးလေးကို လွမ်းဆွတ်နေတာဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက်က အလည်လာရင်းနဲ့ အဲဒီခွေးလေးကို ယူလာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ခွေးလေးကို နောက်ထပ်တွေ့နိုင်ပါမလားဆိုတာကိုတော့ မသိတော့ပါဘူး။

“ဒါက အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။ ကျွန်မတို့မှာ ခွေးလေးတွေအများကြီးရှိပါတယ်။ သူ့ရဲ့နာကျင်မှုကို ကျွန်မခံစားလို့ရပါတယ်”လို့ ရူဘီကိတ် (Ruby Kate) က CNNကိုပြောပြခဲ့ပါတယ်။

အဘိုးအဘွားတွေ ပျော်ရွှင်နိုင်ဖို့အတွက် တစ်ခုခုလုပ်ပေးဖို့ ကိတ်က ဆုံးဖြတ်ခဲ့ပြီး အဘိုးအဘွားတွေရဲ့ဆန္ဒတွေကို ချရေးမှတ်သားခြင်းနဲ့ စတင်ခဲ့ပါတယ်။ ရူဘီကိတ် (Ruby Kate) က “Three Wishes for Ruby’s Residents” အမည်ရတဲ့ဖေ့စ်ဘုတ်ပေ့ချ်နဲ့ ပရောဂျက်တစ်ခုကို စတင်ခဲ့သလို သူ့ရဲ့မိခင်ကလဲ သူတို့ရဲ့ဆန္ဒတွေကို ကူညီပေးဖို့အတွက် GoFundMe အကောင့်ကိုဖွင့်ပေးခဲ့ပါတယ်။

ကလေးမလေးက သူတို့ဆန္ဒရှိနေတဲ့အရာသုံးခုကို မေးခဲ့ပြီး သူတို့ရဲ့အဖြေတွေကို ချရေးမှတ်ခဲ့ပါတယ်။ GoFundMe ပရောဂျက်ကို လူအများကအာရုံစိုက်လာကြပြီး ရူဘီကိတ် (Ruby Kate) ကိုလည်း “Kid Hero of the Month”အဖြစ် အမည်ပေးခဲ့ပါတယ်။

အာကင်ဆတ်စ်ပြည်နယ်မှာရှိတဲ့ ဘိုးဘွားရိပ်သာငါးခုက အဘိုးအဘွားတွေအတွက် ဒေါ်လာ ၃၀၀၀ ကျော်ကို အကောင့်ကနေ စုဆောင်းမိလာခဲ့ပါတယ်။ ရူဘီနဲ့သူ့မိခင်တို့က အဘိုးအဘွားတွေအတွက် လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းပေးရင်း “Operation Happy Meal”ပရိုဂရမ်ကိုပါ ထပ်မံတိုးချဲ့ခဲ့ပြီး ဘာဂါနဲ့အာလူးကြော်တွေလည်း ထောက်ပံ့စီစဉ်ပေးခဲ့ပါတယ်။

ရူဘီက အဘိုးအဘွားတွေဆီ တစ်ပတ်ကို နှစ်ကြိမ်(သို့)သုံးကြိမ်လောက် လာလည်ဖြစ်ပါတယ်။ သူရဲ့မိခင်ကတော့ သူ ထမ်းဆောင်နေတဲ့ ဘိုးဘွားရိပ်သာငါးခုအတွက် ထောက်ပံ့ရေးပရိုဂရမ်တွေကို ထပ်ချဲ့ဖို့ဆုံးဖြတ်ထားပါပြီ။

Ref: CNN “A 5th grader’s boredom while visiting her mom’s job led to $30,000 for the elderly in need”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top