ရုပ်ရှင်အညွှန်း – LION

l-2.png

ဒီတစ်ပတ် ပိတ်ရက်မှာ ရိုးရာလေးရဲ့ စာဖတ်ပရိသတ်တွေ အပန်းဖြေနိုင်ဖို့အတွက် ရုပ်ရှင်ကားကောင်း တစ်ကားကို ညွှန်းပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ LION ဖြစ်ပြီး ဒရမ်မာ အမျိုးအစားဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ အဓိက သရုပ်ဆောင်ထားသူတစ်ယောက်ကတော့ Slumdog Millionaire နဲ့ နာမည်ကြီးခဲ့တဲ့ အိန္ဒိယသရုပ်ဆောင် Dev Patel က Saroo နေရာမှာပါဝင်သရုပ်ဆောင်ထားပါတယ်။

Saroo ဆိုတဲ့ ငါးနှစ်သားကလေးဟာ အမေ၊အကို၊ညီမတို့နဲ့အတူ အိန္ဒိယနိုင်ငံရဲ့ အစွန်အဖျားကျေးရွာလေးတစ်ရွာမှာ ဆင်းဆင်းရဲရဲ နေထိုင်ရပါတယ်။ Saroo က အမြဲပဲ အကိုနဲ့အတူ ကျောက်မီးသွေးရထားဆီက ကျောက်မီးသွေးတွေကို စွန့်စွန့်စားစားခိုးကြပြီး အစားအစာနဲ့ နွားနို့နဲ့ လဲပြီး ဝမ်းရေးဖြေရှင်းရပါတယ်။

တစ်နေ့မှာ အလုပ်သွားရှာတဲ့ အစ်ကို ဖြစ်သူ ပြန်အလာကို စောင့်ရင် Sarooက ရထားတွဲဆိုင်းပေါ်မှာ အိပ်ပျော်သွားပါတယ်။ သူနိုးလာတဲ့အချိန်မှာ ရထားဟာ ထွက်ခွာနေပါပြီ။ ဒီရထားက ကာလကတ္တားမြို့အထိ သွားတာပါ။ ကာလကတ္တားမြို့မှာ လမ်းပျောက်နေတဲ့ Saroo ဟာ ကြုံရာလျှောက်သွားနေရတဲ့အချိန်မှာ ဒုက္ခပေးမယ့် လူတွေနဲ့လည်းတွေ့ရပါသေးတယ်။

နောက်တော့ မိဘမဲ့ကျောင်းကို ရောက်သွားပြီး သားသမီးမွေးစားချင်တဲ့ ဩစတေးလျ စုံတွဲက သူ့ကို မွေးစားလိုက်ပြီး ဩစတေးလျနိုင်ငံကို ခေါ်သွားပါတော့တယ်။

အရွယ်ရောက်လာလို့ အဖြစ်အပျက်အားလုံးကို ဝိုးတဝါးသာမှတ်မိတော့တဲ့ Saroo က သူ့မိသားစုမွေးရပ်မြေကို ပြန်ရှာတွေ့မှာလား။ ဒီကိစ္စကို မွေးစားမိဘတွေကရော လက်ခံမှာလား။ သူ့မိသားစုဝင်တွေကရော အသက်ရှင်သေးလား စတဲ့ အကြောင်းအရာတွေကို  ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ်မှာ အခြေခံထားပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရိုက်ကူးထားတဲ့ LION မှာကြည့်ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာတော့  Sunny Pawar၊ Dev Patel၊ Rooney Mara၊ David Wenham နဲ့ Nicole Kidman တို့သရုပ်ဆောင်ထားတာဖြစ်ပြီး IMDb က ၈.၁ အထိ ရထားတာပါ။ ဇာတ်ဆောင်တွေကလည်း ဆုတွေအများကြီး ရခဲ့တဲ့ ကားဖြစ်လို့ ဒီတစ်ပတ်ပိတ်ရက်မှာတော့ ကြည့်ဖြစ်အောင် ကြည့်ဖို့ လက်တို့လိုက်ရပါတယ်။

Emily ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top