ချစ်သူအထင်ကြီးအောင် ခြင်္သေ့လှောင်အိမ်ထဲ ဝင်ပြီး ဗီဒီယိုရိုက်ခဲ့တဲ့ တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦးဟာ ခြင်္သေ့ ကိုက်ခံရလို့ အသက်ဆုံးရှုံးခဲ့ပါတယ်။ ဥဇဘက်ကစ္စတန်နိုင်ငံ ပါကန့်မြို့မှ ပုဂ္ဂလိကပိုင် တိရစ္ဆာန်ရုံမှာ ညဆိုင်း အလုပ်ဆင်းတဲ့ တိရစ္ဆာန်ရုံဝန်ထမ်း အိုင်ရီစကူလော့ဗ်ဟာ ဒီဇင်ဘာလ ၁၇ ရက်က အာဖရိကခြင်္သေ့ ၃ ကောင်ထားတဲ့ လှောင်အိမ်ထဲ ဝင်သွားပြီး သူ့ဖုန်းနဲ့ ဗီဒီယိုရိုက်ခဲ့တာပါ။
ဗီဒီယိုထဲမှာ အိုင်ရီစကူလော့ဗ်က ခြင်္သေ့လှောင်အိမ်ထဲ တလှမ်းချင်း တိုးဝင်သွားပြီး ခြင်္သေ့တစ်ကောင်ချင်းစီကို နာမည်ခေါ်နေသံ ကြားရပါတယ်။ အဲဒီနောက်မှာတော့ ခြင်္သေ့မတစ်ကောင်က သူ့အနားကပ်လာပြီး အိုင်ရီစကူလော့ဗ်ရဲ့ အော်သံနဲ့အတူ ဗီဒီယိုလည်း ရပ်တန့်သွားခဲ့တာပါ။ ဒီဖြစ်ရပ်အပြီး ၄ နာရီကြာမှသာ သူ့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်မှာ လွတ်မြောက်သွားတဲ့ ခြင်္သေ့ ၃ ကောင်အနက် တစ်ကောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရပြီး နောက် ၂ ကောင်ကိုတော့ မေ့ဆေးသေနတ်နဲ့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ တိရစ္ဆာန်ရုံက ထုတ်ပြန်ခဲ့ပါတယ်။
Ref: Zookeeper Walks Into Lion Enclosure to Impress Fiancee, Gets Mauled
NZ ( ရိုးရာလေး)