ဗီယက်နမ်နိုင်ငံတွင် HEINEKEN နှင့် The Chainsmokers တို့ ပူးပေါင်း ဖျော်ဖြေသော ဂီတပွဲ၌ မြန်မာဂီတပညာရှင်များနှင့် ကံထူးရှင်ပရိတ်သတ်များ သွားရောက် ကြည့်ရှုခံစားခဲ့

Heineken-Photo-1.jpg

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ကျင်းပသော HEINEKEN ၏ ‘Refresh Your Music, Refresh Your Nights’ ဖျော်ဖြေပွဲတွင် ဂီတ၏ စည်းလုံးမှုကို ပြသသည့် အနေဖြင့် The Chainsmokers နှင့် အာရှတွင်းမှ အနုပညာရှင်များ အတူတကွ ပူးပေါင်းတင်ဆက်ခဲ့ကြသည်။

၁၉၊ ဒီဇင်ဘာ၊ ၂၀၂၂၊ ရန်ကုန်၊ မြန်မာ ။ ။ HEINEKEN သည် အာရှတစ်ခွင်တွင် ‘Refresh Your Music, Refresh Your Night’ အစီအစဉ်ကို ကမ္ဘာကျော် Electropop ဂီတအဖွဲ့ The Chainsmokers တို့နှင့် အတူ တခြား အာရှတွင်း အနုပညာရှင် ၄ ဦးဖြစ်သည့် ဗီယက်နမ်နိုင်ငံမှ Thu Minh နှင့် Karik၊ မလေးရှားနိုင်ငံမှ Yunohoo နှင့် NYK တို့နှင့်တကွ ပရိသတ်ပေါင်း ၈၅, ၀၀၀ ကျော်ကို ပါဝင်ဖျော်ဖြေသည့် ဂီတဖျော်ဖြေပွဲ နှစ်ခုကို မကြာသေးမီကပင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ “Refresh Your Music, Refresh Your Nights” အစီအစဉ်အဆုံးသတ်အနေဖြင့် မြန်မာဂီတပညာရှင်များနှင့် အတူ မြန်မာနိုင်ငံမှ ကံထူးရှင်ပရိသတ်များကလည်း ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော်၌ ကျင်းပခဲ့သည့် The Chainsmokers ၏ တေးဂီတ တင်ဆက်ဖျော်ဖြေမှုများကို သွားရောက် ကြည့်ရှုခံစားခဲ့ကြသည်။ ယင်း ဂီတ‌ဖျော်ဖြေပွဲကို မြန်မာနိုင်ငံမှ ပရိသတ်များလည်း သွားရောက်ကြည့်ရှုနိုင်ရန်အတွက် Heineken မှ ပါဝင်ကံစမ်းနိုင်မည့် အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပြီး ပါဝင်ကံစမ်းကြသူတွေထဲမှ ကံထူးရှင် ၆ ဦးကို မိမိအတူသွားလိုသော သူငယ်ချင်းတစ်ဦးနှင့် အတူ အဆိုပါ ဂီတ‌ဖျော်ဖြေပွဲသို့ ပို့ဆောင်ပေးခဲ့သည်။

ကံထူးရှင်များအနေဖြင့် မြန်မာဂီတ ပညာရှင်နှင့်တကွ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်တွင် The Chainsmokers ပါဝင်တီးခတ် ဖျော်ဖြေသော Heineken ၏ “Refresh Your Music, Refresh Your Nights” ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် သွားရောက် ခံစားကြည့်ရှုခဲ့ကြပြီး စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံများကို အတူတကွ ပိုင်ဆိုင်ခဲ့ကြသည်။

“Heineken ရဲ့ “Refresh Your Music, Refresh Your Nights” အစီအစဥ်မှာ ပါဝင်ရတဲ့အတွက် ဂုဏ်ယူမိသလို အခုလို ကံထူးရှင် ပရိသတ်တွေနဲ့အတူ The Chainsmokers ရဲ့ ဂီတဖျော်ဖြေပွဲကို သွားရောက်ခံစားရတဲ့အတွက် အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ “Refresh Your Music, Refresh Your Nights” အစီအစဉ်တွေဟာ ခေါင်းစဉ်လေးအတိုင်းပဲ အားလုံးကို Refreshing ဖြစ်စေခဲ့မယ်လို့ ထင်မိပါတယ်။ နောက်လည်း ဒီလို စိတ်လှုပ်ရှားစရာ အစီအစဥ်လေးတွေနဲ့ ကြိုဆိုချင်ပါသေးတယ်” ဟု အမရာဘုဏ်းက ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ဖျော်ဖြေပွဲကို လိုက်ပါကြည့်ရှုခွင့် ရရှိခဲ့သော ကံထူးရှင် တစ်ဦးကလည်း “ကိုယ် အရမ်းကြိုက်နှစ်သက်ခဲ့ရတဲ့ ပြည်တွင်းအနုပညာရှင်တွေနဲ့ အခုလို အတူတူ ခရီးသွားရတဲ့အပြင် The Chainsmokers ရဲ့ သီချင်းတွေကို ဗီယက်နမ်နိုင်ငံအထိ ကိုယ်တိုင် သွားနားဆင်ရတဲ့အတွက် အရမ်းကို ပျော်ရွင်စိတ်လုပ်ရှားခဲ့တဲ့ အမှတ်တရ ခရီးစဥ်လေး ပိုင်ဆိုင်ခဲ့ရပါတယ်။ Heineken အနေနဲ့လည်း နောက်ထပ် ဒီလို အစီအစဉ်ကောင်းလေးတွေ ဆက်လက် ပြုလုပ်သွားနိုင်ပါစေလို့လည်း မျှော်လင့်မိပါတယ်” ဟု အမှတ်တရ ပြောကြားခဲ့သည်။

HEINEKEN သည် ဖျော်ဖြေပွဲများ မတိုင်မီ တက်ရောက်မည့် ပရိတ်သတ်များကို ဒေသအသီးသီးမှ မတူညီသော ဂီတအမျိုးအစားများကို အပြည့်အဝ နားဆင်ခံစားနိုင်ရန်အတွက် မိမိတို့၏ ဂီတ ဘောင်အသီးသီးကို ‌ကျော်ဖြတ်လာရန် ဖိတ်ခေါ် တိုက်တွန်းခဲ့သည်။ ဖျော်ဖြေပွဲကြီး မတိုင်ခင် အကြိုပွဲများတွင် ပရိတ်သတ်များကို ဂီတအနုပညာရှင်များ ပြန်လည် ပုံဖော်ထားသည့် The Chainsmokers ၏ တေးသီချင်းများမှ ၎င်းတို့ အကြိုက်နှစ်သက်ဆုံး သီချင်းများကို မဲပေးဆုံးဖြတ်စေခဲ့သည်။ မိမိတို့ အသီးသီးကြိုက်နှစ်သက်သော ဂီတအနုပညာရှင်များ ပြန်လည်ဆန်းသစ်ထားသည့် တေးသီချင်းများကိုလည်း ပရိတ်သတ်များမှ အပြည့်အဝ နားဆင်ခံစား အားပေးခဲ့ကြသည်။

“ဒီ “Refresh Your Music, Refresh Your Nights” အစီအစဉ်ကနေ တစ်ဆင့် ဘဝမှာ လူမှုရေးအခြေအနေအပိုင်းမှာပဲ ဖြစ်ဖြစ်၊ ဂီတကြိုက်နှစ်သက်မှုအပိုင်းပဲမှာပဲဖြစ်ဖြစ် စိတ်သဘောထားပြည့်ပြည့်ဝဝနဲ့ လက်ခံတတ်မယ်ဆိုရင် ရှင်သန်ခြင်းဟာ ပိုမိုအရသာရှိတယ်ဆိုတဲ့ HEINEKEN® ရဲ့ ယုံကြည်မှုကို ထင်ဟပ်စေချင်တာ ဖြစ်ပါတယ်။ ပရိတ်သတ်တွေဟာ သူတို့ကို အလုံပိတ်ထားတဲ့ ဂီတဘောင်တွေကို ကျော်ဖြတ်ဖို့ စိတ်အားထက်သန်မှုနဲ့ ခွန်အားတွေ ဘယ်လောက်ရှိလဲဆိုတာကို မြင်တွေ့ရပြီးနောက်မှာတော့ ဂီတဟာ နယ်နိမိတ်အားလုံးကို ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ကို အခိုင်အမာ သက်သေပြလိုက်တာပဲဖြစ်ပါတယ်။” ဟု HEINEKEN® ၏ Brand Director (APAC) ဖြစ်သူ Mr. Rajeev Sathyesh က ပြောကြားခဲ့သည်။

Heineken သည် “Refresh Your Music, Refresh Your Nights” အစီအစဉ်ကို မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းဂီတအနုပညာရှင်များနှင့် ပူးပေါင်းကာ နိုဝင်ဘာလ ပထမအပတ်မှ စတင်၍ ရန်ကုန်၌ Pop-up Event လေးပွဲ ကျင်းပပြုလုပ်သွားခဲ့သည်။ The Chainsmokers နှင့် ပူးပေါင်းတင်ဆက်သည့် ၎င်း အစီအစဉ်တွင် ပြည်တွင်းမှ ဂီတပညာရှင်များဖြစ်ကြသည့် အမရာဘုဏ်း ၊ Snare ၊ ဝေလ ၊ ထက်ယံတို့က ၎င်းတို့၏ ကိုယ်ပိုင် ဂီတစတိုင်များ ဖြစ်ကြသည့် Rap၊ Rock၊ R&B နှင့် K-pop ဂီတပုံစံအသီးသီးတို့ဖြင့် The Chainsmokers ၏ ရေပန်းစားသော တေးသီချင်းများကို ပြန်လည်၍ ပါဝင်ဆန်းသစ် ဖန်တီးခဲ့ကြသည်။

မြန်မာဂီတပညာရှင်များမှ ပြန်လည်ဆန်းသစ် ဖန်တီးထားသော The Chainsmokers ၏ သီချင်းများကို ဝင်ရောက် နားဆင် လိုသူများအနေဖြင့် www.refreshyourmusichnk.com တွင် သွားရောက် နားဆင်နိုင်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top