“Zootopia 2” အန်နီးမေးရှင်းရုပ်ရှင်ကားဟာ ရုံတင်ပြီး တတိယအပတ်မှာ ရုံတင်ငွေ ဒေါ်လာ ၂၆.၃ သန်းနဲ့ ပြည်တွင်း Box Office မှာ နံပါတ် ၁ နေရာကို ပြန်လည်ရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကားက Worldwide Box Office မှာတော့ ရုံတင်ငွေ ဒေါ်လာ ၁ ဘီလျံနဲ့ ၂၀၂၅ ခုနှစ်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်လာခဲ့ပါတယ်။
Avatar: Fire and Ash ရုပ်ရှင်ကားကတော့ သောကြာနေ့ကမှ ရုံတင်ပြသနေဆဲဖြစ်ပြီး ထူးခြားမှုမရှိသေးပါဘူး။ Zootopia 2 နဲ့ Five Nights at Freddy’s 2 က ထိပ်ဆုံးနေရာအတွက် ဦးဆောင်နေပါတယ်။ Zootopia 2 က တရုတ်နိုင်ငံမှာ အောင်မြင်မှုကြီးကြီးမားမားရရှိခဲ့တာကြောင့် ကမ္ဘာလုံးဆိုင်ရာ လက်မှတ်ရောင်းချမှုက ဒေါ်လာ ၁.၁၄ ဘီလျံကို မြန်မြန်ဆန်ဆန်ရရှိသွားခဲ့တာပါ။ တရုတ်မှာ ရုံတင်ငွေ ဒေါ်လာ ၅၀၂.၄ သန်းရရှိခဲ့တာပါ။
၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့တစ်ဝှမ်း ဒေါ်လာ ၁ ဘီလျံကျော်ရရှိခဲ့တဲ့ နောက်ထပ်ဟောလိဝုဒ်အန်နီးမေးရှင်းရုပ်ရှင်ကားက “Lilo & Stitch” (ဒေါ်လာ ၁.၀၄ ဘီလျံ) ပါ။ အခုနှစ်ရဲ့ရုံတင်ငွေအများဆုံးရုပ်ရှင်ကားကတော့ တရုတ်နိုင်ငံမှာတင် ဒေါ်လာ ၂ ဘီလျံနီးပါးရရှိခဲ့တဲ့ “Ne Zha 2″ဖြစ်ပါတယ်။
Ref: ‘Zootopia 2’ reclaims No. 1 spot at box office, grosses $1B worldwide
WL (ရိုးရာလေး)

