လှူချင်လှူ၊ ယူချင်ယူ စာအုပ်စတိုး

16-6-2022-yyl11.jpg

နယူးဂျာစီပြည်နယ်က ဇနီးမောင်နှံနှစ်ဦးဟာ စာပေကတစ်ဆင့် ချစ်ခြင်းမေတ္တာ ကူးစက်ပြန့်ပွားစေဖို့ ရည်ရွယ်ပြီး စာအုပ်စတိုးတစ်ခု တည်ထောင်ခဲ့ကြပါတယ်။ Hidden Gems Literary Emporium လို့ အမည်ပေးထားတဲ့ စာအုပ်စတိုးကို လူအများ ပါဝင်လှူဒါန်းပေးထားတဲ့ စာအုပ် ၁၀,၀၀၀ နဲ့ စတင်ဖွင့်လှစ်ခဲ့တာပါ။

စာအုပ်စတိုးကို လာသူတွေအနေနဲ့ လှူလို့ရသလို စာအုပ်တွေလည်း စိတ်ကြိုက်ယူလို့ ရပါတယ်။ လှူချင်လှူ၊ ယူချင်ယူ စာအုပ်စတိုး ဖွင့်လှစ်တဲ့သတင်းက တောမီးလို ပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာတစ်ဝန်းကနေ စာအုပ်တွေ ဝိုင်းဝန်းလှူဒါန်းပေးကြလို့စာအုပ် ၄၀,၀၀၀ ကျော် ထပ်မံရရှိခဲ့တာပါ။

သူတို့ရဲ့စာအုပ်စတိုးကို အလှူငွေတွေနဲ့ပဲ လည်ပတ်နေတာဖြစ်ပြီး ၁ ဒေါ်လာကအစ ဒေါ်လာ ၁၀၀ ကျော်အထိ လှူဒါန်းကြသူတွေရှိပါတယ်။ မလှူနိုင်သူတွေကိုတော့ စာအုပ်တွေ လိုအပ်သလောက် ယူသွားဖို့ သူတို့က ပြောလေ့ရှိပါတယ်။

သူတို့ဟာ လိုအပ်နေတဲ့ ကလေးတွေနဲ့ မိသားစုတွေအတွက် ပညာရေးအထောက်အကူပစ္စည်းတွေနဲ့ စာအုပ်တွေ အခမဲ့ပေးနိုင်ဖို့အတွက် နှစ်စဉ်နှစ်တိုင်း လှည့်လည်သွားလာမှု (book tour)လုပ်ဖို့ စီစဉ်ထားပါတယ်။

မနှစ်တုန်းက ပထမဆုံး အခမဲ့ book tour လုပ်ခဲ့ပေမဲ့ အဲဒီခရီးစဉ်မှာပဲ သူတို့ရဲ့ မီနီဗန်ကား ပျက်သွားခဲ့ပါတယ်။ အဲဒါကြောင့် အခုချိန်မှာတော့ သူတို့မိသားစုက Class A RV ကားအတွက် ရန်ပုံငွေရှာဖွေလျက်ရှိပါတယ်။

Ref: Family-Owned Nonprofit Travels The Country Giving Away Free Books

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top