ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာမှုကို ပြန်လည်ရုပ်သိမ်း

15-5-2020-yyl-002.jpg

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု သိသိသာသာ ကျဆင်းလာတဲ့အတွက် စီရင်စု ၄၇ ခုရှိတဲ့အနက် ၃၉ ခုမှာ ချမှတ်ထားတဲ့ အရေးပေါ်အခြေအနေကို ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ ဒါပေမဲ့ နေ့စဉ်နေ့တိုင်း ရောဂါကူးစက်မှုသစ်တွေ ဖြစ်နေသေးတဲ့ တိုကျိုမြို့၊ အိုဆာကာမြို့နဲ့ ဟော့ကိုင်းဒိုးကျွန်းတွေမှာတော့ အရေးပေါ်အခြေအနေ သက်ရောက်မှုရှိနေဆဲပါပဲ။ ဂျပန်နိုင်ငံရဲ့ ရောဂါကူးစက်မှုနှုန်းဟာ အမြင့်ဆုံးနှုန်းရဲ့ ၇ ပုံ၊ တစ်ပုံအထိ ကျဆင်းသွားပြီလို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။

အရေးပေါ် အခြေအနေ ရုပ်သိမ်းလိုက်ပေမဲ့ နိုးနိုးကြားကြား ရှိကြဖို့၊ နှာခေါင်းစည်းတွေ တပ်ကြဖို့၊ လူတစ်ဦးနဲ့ တစ်ဦး ခပ်ဝေးဝေးနေကြဖို့ တိုက်တွန်းထားပါတယ်။ ” ဖြစ်နိုင်မယ်ဆိုရင်တော့ မေလ ၃၁ ရက်မတိုင်ခင် တခြားဒေသတွေမှာလည်း အရေးပေါ်အခြေအနေကို ရုပ်သိမ်းချင်ပါတယ်” လို့ ရှင်ဇိုအာဘေးက ပြောပါတယ်။ ဂျပန်နိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ ၁၆၀၄၉ ယောက်ရှိနေပြီး ၆၇၈ ယောက် သေဆုံးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top