ရိုးရာလေး ဖေ့ဘွတ်ခ် စာမျက်နှာ လိမ်လည် ခံရပြီး ငွေညှစ်မူ ဖြစ်ပွား

ရိုးရာလေး စာမျက်နှာကို Kelly Lee အကောင့်အမည် နိုင်ငံခြားသား တစ်ဦးမှ Profile အတုဖြင့် ဖေ့စ်ဘွတ်ခ်မှ ဝန်ထမ်း တစ်ဦး ဟန်ဆောင်ကာ လိမ်လည်ခဲ့ပြီး ငွေတောင်းမှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိပါတယ်။

“ဩဂုတ်လ ၁၈ ရက်နေ့က ရိုးရာလေး Page ကို Verify လုပ်ပေးမယ် Admin ထဲ ထည့်ပေးပါ ဆိုပြီး စာပို့လာပါတယ်။ သူ့ Profile ကို ဝင်ကြည့်တော့ အမေရိကန် နိုင်ငံသား ဖေ့စ်ဘွတ်ခ်မှာ အလုပ် လုပ်နေတယ် ဆိုတာကို တွေ့တာကို ယုံပြီး လက်ခံလိုက်တဲ့ အခါမှာ အခုလို ဖြစ်သွားတာပါ”ဟု ရိုးရာလေးမှ Admin တစ်ဦးဖြစ်သူ ကိုအောင်ခမ်းက ပြောပါတယ်။

လိမ်လည်သူ ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်မှာ Kelly Lee အမည်ဖြင့် အသုံးပြုသူဖြစ်ပြီး နိုင်ငံခြားသူ တစ်ယောက်၏ ဓာတ်ပုံ တင်ထားတယ် ပြီးတော့ ဖေ့ဘွတ်ခ်မှာ အလုပ် လုပ်တဲ့ပုံ အချို့ကိုလည်း တင်ထားတဲ့ အတွက်ကြောင့် အသုံးပြုသူ အမှန်ဟုတ်၊ မဟုတ်ကို မသိနိုင်ကြောင်း ၎င်းက ပြောကြားသည်။

“ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်မှာ Kelly Lee ကို Admin အဖွဲ့ထဲမှာလည်း ထည့်ပေးလိုက်ရော ကျွန်တော်တို့ကို အက်မင်ဖြုတ်ပြီး ပထမ Myanmar News Room သို့ နာမည်ပြောင်းတယ် အခုတော့ Myanmar News Alert နာမည်အသစ်ပြောင်းပြီး ယူသွားတာပါ။ ဒါကြောင့် အဲဒီ https://www.facebook.com/MyanmarNewsAlerts ကနေ တက်လာတဲ့ သတင်းတွေဟာ ကျွန်တော်တို့ ရိုးရာလေးမှ တင်တဲ့ သတင်းတွေလည်း မဟုတ်ပါဘူး။ ဒီအတွက်ကြောင့် စာဖတ်သူတွေ ဝေါ်ပေါ်သို့ သတင်းတွေ တက်လာရင်လည်း ကွန်မန့်ဘောက်မှာ ပေ့ခ်ျလိမ်လည်သူတွေ ဖြစ်ကြောင်း အများသိအောင် ကွန်းမန့် ပေးစေချင်ပါတယ်”ဟု ကိုအောင်ခမ်းက ဆက်ပြောပါတယ်။

လိမ်လည်သူဟာ ငွေပေးရင် ပေ့ခ်ျ ပြန်ပေးမယ် ငွေကို အရင် လွဲရမယ်လို့ အကျပ်ကိုင် ငွေညှစ်ခဲ့ကြောင်း ပြောပါတယ်။

“ကျွန်တော်တို့ Page အက်မင် ပြန်မရနိုင်လို့ ဖေ့စ်ဘွတ်ခ်ကို အကြောင်းကြားပြီး သူ့အကောင့်ကို Report လုပ်တာ ပျက်သွားပေမယ့် Page ကလည်း ပြန်မရသေးပါဘူး။ ဖေ့ဘွတ်က တာဝန်ရှိတဲ့ သူအားလုံးနဲ့ ချိတ်ဆက်ပြီး ပြန်လည် ရရှိအောင် ကြိုးစားနေပါတယ်” လို့ ၎င်းက ပြောပါတယ်။

ရိုးရာလေး Page သည် Like လုပ်ထားသူ ၂ ဒသမ ၃ သန်း ကျော်ရှိပြီး ပြည်တွင်း၌ လူကြည့် အများဆုံး ဖေ့စ်ဘွတ်ခ်တွင် နံပါတ်လေး၌ ရပ်တည်နေသော ဖေ့ဘွတ် တစ်ခု ဖြစ်တဲ့ အပြင် အများ ပြည်သူများ အတွက် သုတ၊ ရသ၊ ကဏ္ဍ ပေါင်းစုံကို တင်ဆက်ပေးနေသော စာမျက်နှာ တစ်ခုလည်း ဖြစ်ပါတယ်။

ရိုးရာလေး အဖွဲ့သားတွေဟာ စာဖတ်သူတွေကို အွန်လိုင်းပေါ်မှာ စာပေများ ယခု ရက်ပိုင်း အတွင်း တင်ဆက် မပေးနိုင်ခြင်းကိုလည်း အနူးအညွတ် တောင်းပန် ထားပါတယ်။ လက်ရှိ http://www.facebook.com/yoyarlay ကို (ယာယီ) အနေဖြင့် စာဖတ်ပရိတ်တွေ အတွက် သတင်းတွေကို တင်ဆက်ပေးနေကြောင်း သိရှိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top